အကယ်ဒမီသရုပ်ဆောင် မင်းသမီးချော မို့မို့မြင့်အောင်ကတော့ ယနေ့တိုင်အောင် အရွယ်တင်နုပျိုတဲ့ အလှတရားတွေနဲ့ အစွမ်းကုန်လှပနေဆဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါကတည်းကနေ အခုချိန်ထိ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မို့မို့မြင့်အောင်က အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ကျော်ကြားအောင်မြင်နေတဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ဖြစ်ပါတယ်။

Photo Credit-Academy Moht Moht Myint Aung's FB
Photo Credit-Academy Moht Moht Myint Aung's FB
Photo Credit-Academy Moht Moht Myint Aung's FB

လက်ရှိမှာတော့ မို့မို့မြင့်အောင်က အနုပညာလှုပ်ရှားမှုတွေအပြင် "Myanmar's Got Talent" ပြိုင်ပွဲကြီးမှာလည်း ဒိုင်အဖြစ်ပါဝင်နေတာ ဖြစ်ပါတယ်။ မနေ့ကတော့ "Myanmar's Got Talent 2019 " ရဲ့ Final ပွဲကြီးကိုကျင်းပပြုလုပ်ခဲ့ပြီး Winner ဆုကို သားလေးဘုန်းမြတ်မင်းက ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် မို့မို့မြင့်အောင်က သားလေးဘုန်းမြတ်မင်းကို သူမကိုယ်တိုင်ပွေ့ချီပြီး ဂုဏ်ပြုပေးခဲ့သလို အခြားပြိုင်ပွဲဝင်ကလေးတွေကိုလည်း အားပေးစကားပြောခဲ့ပါသေးတယ်။

Photo Credit-Academy Moht Moht Myint Aung's FB
Photo Credit-Academy Moht Moht Myint Aung's FB
Photo Credit-Academy Moht Moht Myint Aung's FB
Photo Credit-Academy Moht Moht Myint Aung's FB

အခုလည်း မို့မို့မြင့်အောင်က Myanmar's Got Talent 2019 ပြိုင်ပွဲကြီးက ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ အမြဲတမ်းဖက်ရှင်ကျပြီး လှနေတတ်တဲ့ မို့မို့မြင့်အောင်တစ်ယောက် မနေ့ကပွဲလေးမှာ ပျိုမျစ်နုနယ်တဲ့အသွင်နဲ့ လှသွေးကြွယ်နေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် "Myanmar's Got Talent 2019 " ပြိုင်ပွဲကြီးမှာ ဒိုင်အဖြစ်ပါဝင်ခဲ့တဲ့ မို့မို့မြင့်အောင်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Academy Moht Moht Myint Aung's FB

Photo Credit-Academy Moht Moht Myint Aung's FB
Photo Credit-Academy Moht Moht Myint Aung's FB
Photo Credit-Academy Moht Moht Myint Aung's FB
Photo Credit-Academy Moht Moht Myint Aung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။