ပရိသတ်ကြီးရေ......အလွယ်တကူမောပန်းနေတာ၊ အလုပ်အများကြီး မလုပ်ရသေးဘဲ ပင်ပန်းနွမ်းနယ်နေတာက ကိုယ်ပြုမူနေထိုင်တဲ့ "Lifestyles"နဲ့ အများကြီး သက်ဆိုင်ပါတယ်နော်...။ လူတော်တော်များက အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာကြောင့်လို့ပဲ ဖြစ်တယ်လို့ ထင်ကြပြီး ဟုတ်တော့ ဟုတ်ပေမယ့် ဒါတစ်ခုတည်းကြောင့်လို့တော့ ပြောလို့မရပါဖူးနော်...။ ညအိပ်ခါနီး ဖုန်းသုံးခြင်း၊ ပိတ်ရက်တွေမှာ အိပ်ရာဝင်နောက်ကျခြင်း...စတဲ့ ကိုယ်ရဲ့ ပြုမူနေထိုင်နေတဲ့ ပုံစံတွေက မှားယွင်းနေသလား၊ မမှားယွင်းဖူးလာဆိုတာကို အောက်မှာ ဖော်ပြဆွေးနွေးပေးသွားမှာဖြစ်ပြီး ဖတ်ရှု ဆန်းစစ်ကြည့်သွားပါဦးနော်...။

(၁) ညအိပ်ခါနီး ဖုန်းသုံးခြင်း - အိပ်ချိန်မှာ မီးတွေအကုန်ပိတ်လိုက်ပေမယ့် tablet၊ smartphone နဲ့ computer စခရင်က မီးရောင်တွေဟာ အိပ်စက်တာကို ကမောက်ကမ ဖြစ်စေပါတယ်...။ လူတစ်ယောက်နဲ့ တစ်ယောက်က ဒီမီးရောင်ကို တုံ့ပြန်ခံစား တဲ့ အတိုင်းတာ မတူညီကြပေမယ့် ရှောင်ကြဉ်တာတော့ အကောင်းဆုံးပဲဖြစ်ပါတယ်...။ မအိပ်ခင် ၂ နာရီအလိုကစပြီး ဖုန်းတွေ၊ tablet တွေ၊ ကွန်ပြုတာတွေအသုံးပြုတာ ကြိုတင်ရပ်ထားမယ်ဆိုရင် ပုံမှန်အတိုင်း ပြန်ဖြစ်စေမှာဖြစ်ပါတယ်...။

(၂) ပိတ်ရက်တွေမှာ အိပ်ရာဝင်နောက်ကျခြင်း - တနင်္ဂနွေနေ့ဟာ ပိတ်ရက်ဖြစ်တာမို့ စနေနေ့ညကို ၁၂ နာရီကျော်မှ အိပ်မယ်ဆိုရင် တနင်္ဂနွေည ရောက်တဲ့ အခါ အိပ်ပျော်ဖို့ ခက်ခဲသွားပါတယ်...။ အိပ်ရာဝင်တာနောက်ကျပေမယ့် ထတော့ ပုံမှန်အချိန်တိုင်း ပြန်ထရတဲ့ အတွက် တနင်္လာနေ့မနက်မှာ အိပ်ရေးသိပ်ဝတော့မှာ မဟုတ်ပါဘူး...။ နေ့လယ်ခင်းမှာ မိနစ် ၂၀ လောက်ဖြစ် ဖြစ် မှေးလိုက်မယ် စိတ်ကူးထားပေမယ့် အဲဒီမိနစ် ၂၀ မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့ "Deep Sleep" အဆင့်ထိ မရောက်တဲ့အတွက် ဒါဟာ နိုးလာတဲ့အခါ လူကို ဘာမှထွေထူးမလုပ်ရဘဲ ပင်ပန်းနွမ်းနယ်မှုတွေ ပိုမိုခံစားရစေတာဖြစ်ပါတယ်...။ ဒါတွေအားလုံးခြုံကြည့်လိုက်တဲ့အခါ "Life Style Modification" ဆိုတဲ့ ဘဝနေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲမှသာ တက်ကြွကျန်းမာတဲ့အနေထားကို ပြန်လည်ရယူနိုင်မယ်ဆိုတာ တွေ့ရပါတယ်...။ အားလုံးကျန်းမာ မှန်ကန်တဲ့ နေထိုင်မှုအမူအကျင့်တွေ ပြန်လည်မွေးမြူနိုင်ကြပါစေနော်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "မောပန်းနွမ်းနယ်လွယ်ခြင်း" ကျန်းမာရေးဆောင်းပါးမှ ညအိပ်ခါနီး ဖုန်းသုံးခြင်း၊ ပိတ်ရက်တွေမှာ အိပ်ရာဝင်နောက်ကျခြင်း စတဲ့ နေထိုင်မှုပုံစံနဲ့ပတ်သက်ပြီး အနည်းငယ် မှားယွင်းနေတာနဲ့ ပတ်သက်ပြီး ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Soure ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။