ပရိသတ်ကြီးကို ဒီတစ်ခါမှာတော့ ထူးဆန်းလှတဲ့ ရုပ်သေးရုပ်လေးတစ်ရုပ် အကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။ ဒီအရုပ်ကလေးရဲ့ပိုင်ရှင် ဟာ ဂျွန်ဆိုသူ ဖြစ်ပါတယ်။ ဂျွန်ဟာ သူ့ အဖေရဲ့ ပစ္စည်းဟောင်းတွေကို အိမ်မှာ ရှင်းလင်းခဲ့ပြီးခဲ့ပေမယ့်လည်း ဒီရုပ်သေး ရုပ်လေးက သူ့ အိပ်ခန်း အံဆွဲ ထဲမှာ အကြောင်း တစ်စုံ တစ်ရာကြောင့် ရှိနေခဲ့ပါတယ်။ တစ်နေ့ ဂျွန် အိပ်ပျော်နေတုန်း လည်ပင်း အစ် တဲ့ ခံစားမှု မျိး ဖြစ်လာခဲ့ပါတယ်။ ဂျွန်လဲ အိပ်လို့ မရတာနဲ့ အိပ်ယာ ပေါ်မှာ လှဲနေတုန်း ပြူတင်းပေါက် ရဲ့ မှန် မှာ လူအရိပ်တစ်ခု ဖြတ်သွား ဖြတ်လာ လုပ်နေတာတွေ့နေရပါတယ် ။

Photo Credit : Pngtree

သူလည်း အံသြစွာကြည့်နေရင်း သူ့လည်ပင်း ဟာ ဆိုးဆိုး ရွားရွား အစ်လာသောကြောင်သူ့ မိန်းမ ကို နိုးပြီး ဖြစ်ကြောင်းကုန်စင် ပြောပြခဲ့ပါတယ်။ သူ့မိန်မ ရောသူရော တစ်ပြိုင်နက် သံသယဖြစ်မိတာကတော့ ဤရုပ်သေးရုပ်လေးရဲ့ ပရောဂ မကင်းဘူးဆိုတာပါဘဲ။

ဒါနဲ့ ရက်အနည်းငယ် အကြာမှာ လောကီလွန် စုံစမ်းရေး အဖွဲ့ ကို အကြောင်းကြားပြီး ဤ အရုပ်လေးကို အပ်နှံခဲ့ ရပါတော့တယ်။

လောကီလွန် စုံစမ်းရေး အဖွဲ့က ဗီဒီယို ကင်မရာဖြင့် 3 လ တိတိ ဒီအရုပ်ကလေးကို စောင့်ဆိုင်းရိုက်ကူးခဲ့ရာ တစ်နေ့မှာ မှန်ဘောင်ထဲက

pHOTO Credit : Pngtree

အရုပ် လေးကို ထိန်းထားတဲ့ လက်ကိုင်လေး လှုပ်ရှား နေတာကိုတွေ့ခဲ့ရပါတယ်။ ဒီအရုပ်လေးဟာ အတော်လေးကို နာမည်ကြီးသွားပြီး You tube မှာ Creepy haunted puppet လို့ရိုက်ထဲ့ပြီးခြောက်လန့်နေပုံ ဝင်ကြည့်နိုင်ပါတယ်။ ဒီလို အဖြစ်အပျက်တွေဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်ရပေမယ့်လည်း အပြင်မှာ ဒီလိုမျိုး တစ်ကယ်ဖြစ်တတ်တဲ့ အဖြစ်ပျက်များစွာရှိပါတယ်။ လူတော်တော်များများကတော့ ဒီလိုကိစ္စမျိုးကို လောကီလွန်ဖြစ်ရပ်တွေလို့ ခေါ်ကြပြီး ယနေ့အချိန်အထိ ယုံတဲ့သူတွေလည်း ရှိသလို မယုံတဲ့သူတွေလည်း ရှိကြပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။