ဒီတစ်ခေါက်မှာ ပရိသတ်ကြီးကို ဖော်ပြပေးချင်တာကတော့ စကြာဝဠာကြီးရဲ့ ထူးဆန်းမှုတွေထဲကမှ တစ်ခုဖြစ်တဲ့Blzck Hole တွေ အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ Black Hole ဆိုတာ အလင်းရောင်ကိုတောင် ပြန်မထွက်နိုင်အောင် ဆွဲငင်နိုင်တဲ့ အာကာသထဲမှ နေ ရာတစ်ခုဖြစ်ပြီး ဆွဲအားအလွန်ကြီးပါတယ်။ Black Hole ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း များစွာရှိပြီး အသေးဆုံး Black hole ဖြစ်ပေါ်လာတာက စြင်္ကာဝဠာ ကြီးစ တင် ဖြစ်တည် ကတည်းကစခဲ့တာပါ။ ကြယ် ကြီးတွေပေါက်ကွဲ ခြင်း (Supernova) ကြောင့်လည်း Black hole ဖြစ်လာနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ကြယ်စုတွေ စတင်ဖြစ်ပေါ်ကတည်းက ကြီးမားတဲ့ Black Hole ကြီးတွေ တပြိုင်နက် ဖြစ်ပေါ်ခဲ့ကြတယ် လို့ တွေးကြပါတယ်။
Black Holeတွေကို အလွယ်တကူ မမြင်ရပေမယ့်လည်း အထူးပြုလုပ်ထားတဲ့ အဝေးကြည့်မှန်ပြောင်းနဲ့တော့ မြင်ရနိုင်ပါတယ်။ Black Hole ဟာ အရွယ်အစား အမျိုးမျိုးရှိပြီး Black Hole များ ဟာ အကြီး လည်း ရှိနိုင်သလို အသေးလည်း ရှိနိုင်ပါတယ်။
သိပ္ပံ ပညာရှင်တွေ ခန့်မှန်းချက်အရ အသေးဆုံး Black holeဟာ အက်တမ်တစ်ခုလောက် သေးငယ်နိုင်ပြီး အလေးချိန်က တောင်ကြီးတစ်လုံးလောက် ရှိနိုင်ပါတယ်။ကျွန်တော်တို့ရဲ့ "နေ"၏ စုစည်းမှုထုထည် အဆ၂၀လောက်ရှိတဲ့ Black hole များကို "Stellar" လို့ခေါ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမှာ ရှိနေတဲ့ ကြယ်စုတန်းများထဲတွင် Stellar တွေ များစွာ ရှိနေပါတယ်။
တစ်ကယ်တော့ Black holeဟာ စြင်္ကာဝဠာမှာရှိတဲ့ ကြယ်တွေကို လိုက်စားနေတာ မဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ နေအဖွဲ့အစည်းနဲ့ ကပ်နေတဲ့ Black hole မရှိပါဘူး။ ကျွန်တော်တို့ရဲ့ နေကြီးဟာသူနဲ့ ထုထည်တူညီတဲ့ Black holeကြီး ဖြစ်ခဲ့မယ်ဆိုလျှင်တောင် သူ့ရဲ့ဆွဲငင်အား လမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ရဲ့ ကမ္ဘာနှဲ့ ဂြိုလ်တွေဟာ ပုံမှန်အတိုင်း လှည့်ပါတ်နေမှာ ဒါပေမဲ့ နေအလင်းရောင်တော့ မရ ရှိနိုင်တော့ပါဘူး။ Black hole တစ်ခုကို မမြင်နိုင်တဲ့ အကြောင်းကတော့ သူ့ရဲ့ ဗဟိုဆွဲအားဟာ အလင်းကိုတောင် ဆွဲစုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။
Black hole နားက ကြယ်တွေနဲ့ ဓာတ်ငွေ့တွေအပေါ်ကို Black hole ရဲ့ဆွဲအား ဘယ်လိုသက်ရောက်နေလဲ ဆိုတာတော့ သိပ္ပံပညာ ရှင်တွေ မြင်နေရတာကြောင့် Black hole နားမှာပါတ်နေတဲ့ ကြယ်တွေ ကို သိပ္ပံ ပညာရှင်တွေ စောင့်ကြည့်ပြီး လေ့လာနိုင်တာပဲ ဖြစ်ပါတယ်။
Source : သံ ဇဉ် မိုးဇတ်
Photo Credit : သံ ဇဉ် မိုးဇတ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။