ပရိသတ်ကြီးရေ.. ပိုင်တံခွန်လို့ ဆိုလိုက်တာနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ အရပ်ရှည်ရှည် ခန့်ချောချောကောင်လေးတစ်ယောက်ကို ပရိသတ်တွေ ပြေးမြင်မိကြမှာပါနော်..။

မင်းသားချောလေး ပိုင်တံခွန်ကတော့ မြန်မာပရိသတ်တွေအပြင် ပြင်ပနိုင်ငံရဲ့ ပရိသတ်တွေဖြစ်ကြတဲ့ ထိုင်းမလေးတွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပြီး ပြည်ပနိုင်ငံတွေမှာလည်း အနုပညာလှုပ်ရှားမှုလေးတွေ ဆက်တိုက်ပြုလုပ်နေတာ တွေ့ရပါတယ်..။

Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

ပရိသတ်တွေရဲ့ အသည်းကျော်မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရှုတင်မှာ ခြေခေါက်ပြီး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာမို့ ပရိသတ်တွေက စိုးရိမ်ခဲ့ကြပါသေးတယ်..။

အခုတစ်ခေါက်မှာလည်း ပိုင်တံခွန်တစ်ယောက် ရှုတင်မှာပဲ ရိုက်ကူးရေးလုပ်နေရင် အရှင်းမပျောက်သေးတဲ့ ခြေထောက်ကဒဏ်ရာဟောင်းကို ဒဏ်ရာဟောင်းမှာ ထိခိုက်မှုထပ်ဖြစ်ခဲ့တာမို့ ပိုင်တံခွန်အတွက် စိုးရိမ်နေကြပါတယ်နော်..။

Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

ရှုတင်မှာ ရိုက်ကူးရေးလုပ်ရင်း ထပ်မံထိခိုက်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ပိုင်တံခွန်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာဖြစ်ပြီး ပရိသတ်တွေကလည်း အားပေးစကားလေးတွေလည်း ပြောထားကြပါတယ်..။

ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့ အသည်းကျော် မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ရဲ့ ရိုက်ကွင်းလုပ်ရင်း ထိခိုက်သွားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

Photo Credit - Paing Takhon’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။