ပိုးကြာဖြူခင်ကတော့ တတ်သစ်စ အနပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လဲ ပရိသတ်တွေရဲ့ အားပေးမှုကိုတော့ အခိုင်အမာရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ mrtv 4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သတိထားမိလာတဲ့ သူမကတော့ ယခုမှာ ကြော်ငြာတွေ ပွဲတွေတတ်ရောက်နေတဲ့ အထိ အောင်မြင်နေပြီပဲ ဖြစ်ပါတာ်။

ယနေ့မှာတော့ ပိုးကြာဖြူခင်ဟာ ကွယ်လွန်တာ၁နှစ်ပြည့်ပြီဖြစ်တဲ့ အဖေအတွက် ရည်စူးပြီး နေ့ဆွမ်းကပ်ခဲ့သလို အလှူငွေ၅သိန်းလှူဒါန်းခဲ့ပါတယ်။ သူမကတော့ "ဒီနေ့ ပါးကြီး ဆုံးတာ တစ်နှစ်ပြည့်ပြီ တစ်နှစ်ဆိုပေမယ့် မနေ့တနေ့ကလိုပါပဲ ဘယ်သွားသွား ဘယ်ရောက်ရောက် အမြဲတမ်းသတိရတယ် ကောင်းမှုကုသိုလ်တွေလဲ အမြဲလုပ်ပေးဖြစ်တယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit :Poe Kyar Phyu Khin's facebook
photo credit :Poe Kyar Phyu Khin's facebook

သူမကတော့ " ဒီနေ့ တစ်နှစ်ပြည့်မှာလဲ အိမ်မှာ သံဃာတွေ ပင့်ပြီး နေ့ဆွမ်းနဲ့ ဝတ္ထုငွေကပ်လှူပြီး စင်ကာပူကျောင်းတိုက်အတွင်း ဆောက်လက်စ ကျောင်းဆောင်အတွက် တစ်ခန်းစာအလှူငွေ ၅ သိန်းကို ပါးကြီးအတွက် ရည်စူးပြီး လှူပေးခဲ့ပါတယ် ဖူးဖူးတို့မိသားစု ပြုခဲ့သမျှကောင်းမှုကုသိုလ်အားလုံး က ပါးကြီးရဲ့ ဖြစ်လေရာဘဝတိုင်းအတွက် ကောင်းတဲ့ကံ ကောင်းတဲ့အထောက်အပံ့ ဖြစ်ပါစေ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source:Poe Kyar Phyu Khin's facebook  

photo credit :Poe Kyar Phyu Khin's facebook
photo credit :Poe Kyar Phyu Khin's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။