မြန်မာနိုင်ငံကကောင်မလေးတွေသာမကပဲ ထိုင်းနိုင်ငံကနှုတ်ခမ်းနီမလေးတွေကပါ အသည်းစွဲဖြစ်နေရတဲ့ မင်းသားကတော့ ပိုင်တံခွန်ပါ။ သူဟာ မော်ဒယ်လောကမှတစ်ဆင့် အနုပညာလောကကို ရောက်ရှိနေတာပဲဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါ ပါဝင်သရုပ်ဆောင်နေရတာပါ။ ဒါ့အပြင် ထိုင်းနိုင်ငံတွင်ပါ ကြော်ငြာများလက်မလည်အောင် ရိုက်ကူးနေရတာပါ။  

ဒီနေ့လေးကတော့ ပိုင်တံခွန်ရဲ့ ၂၃ နှစ်မြောက် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့မတိုင်ခင်ရက်ကတည်းက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ ရှိတဲ့ပရိသတ်များက မွေးနေ့အလှူများပြုလုပ်ပေးခဲ့တာပါ။ ပိုင်တံခွန်ကတော့ သူ့ရဲ့မွေးနေ့ကိုတော့ ရှုတင်မှာပဲ ရိုက်ကူးရေးလုပ်ရင်းနဲ့ကုန်ဆုံးမှာ ဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားတာပါ။  

လွန်ခဲ့တဲ့ နာရီပိုင်းကလည်း သူ့ရဲ့ facebook myday မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ရှုတင်ကချစ်ရတဲ့ အနုပညာရှင်များက မွေးနေ့ကိတ်လေး ပြုလုပ်ပေးခဲ့တဲ့ဗီဒီယိုလေးပါ။ ပိုင်တံခွန်ကတော့ သရုပ်ဆောင် ခန့်စည်သူ၊အိချောပိုနဲ့အခြားသော သရုပ်ဆောင်တွေကို ကိတ်မုန့် ခွံ့ကျွေးနေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Paing Takhon's Facebook Myday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။