ဇာတ်မင်းသားလေးတစ်ဦးဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ မင်းသားချော စွမ်းဇာနည်ကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဇာတ်သဘင်ပွဲအခမ်းအနားတွေအပြင် ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးခဲ့တဲ့ စွမ်းဇာနည်ကိုတော့ ပရိသတ်တွေက အခုချိန်အထိ အားပေးချစ်ခင်နေကြမယ် ထင်ပါတယ်။
လက်ရှိမှာတော့ စွမ်းဇာနည်က ဇာတ်မင်းသားတစ်ဦးအဖြစ် ပရိသတ်တွေကို ကပြဖျော်ဖြေရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း စွမ်းဇာနည်က ကွယ်လွန်သွားပြီဖြစ်တဲ့ အဘိုး၊ အဘွား၊ အဖေနဲ့ဦးလေးတို့ရှိရာ အုတ်ဂူလေးတွေကို သွားရောက်ပြီး ဂါဝရပြုကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေကို သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာ တွေ့ရပါတယ်။
စွမ်းဇာနည်က " ပခုက္ကူနယ်မြို့လေးမှာ ကွယ်လွန်ခဲ့ကြတဲ့ အဘိုး၊ အဘွား၊ အဖေနဲ့ဦးလေးတို့ရှိရှိတဲ့ အုတ်ဂူလေးကို သားဒီနေ့လာကန်တော့ဖြစ်ပါတယ် သားကောင်းမှုကုသိုလ်ပြုသမျှအရာအားလုံး အဘိုး၊ အဘွား၊ အဖေနဲ့ဦးလေးတို့ရှိရာ ရောက်ရာဘုံဘဝမှနေပြီး သာဓုခေါ်နိုင်ကြပါစေ.." ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိဘဆွေမျိုးတွေရဲ့အုတ်ဂူလေးကို သွားရောက်ပြီးကန်တော့ခဲ့တဲ့ စွမ်းဇာနည်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit-Swan Zarni's FB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။