Vivo ရဲ့Y series ဖြစ်တဲ့ Y12 ကို စမတ်ဖုန်း လောကအတွက် စက်တင်ဘာလ ( ၁၄ ) ရက်နေ့ မှာ ဈေးကွက်ထဲစတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးနဲ့ လူတန်းစာမရွေးသုံးနိုင်တဲ့ အရည်အသွေးမြင့် vivo Y12 စမတ်ဖုန်းကတော့ မျက်နှာပြင် 6.35 လက်မရှိပြီး Battery 5000mAh ပါဝင်တာကြောင့် ဂိမ်းကစားတဲ့သူတွေ Battery အကြာကြီးသုံးမဲ့ သူတွေအတွက် အရမ်းကိုအဆင်ပြေစေမှာပဲဖြစ်ပါတယ်။ 

ဖုန်းတစ်လုံးရဲ့အဓိကအစိတ်အပိုင်းတွေဖြစ်တဲ့ အနောက်ကင်မရာ 13MP+8MP+2MP ကင်မရာ သုံးလုံးပါဝင်တဲ့အပြင် wide angle ၊AI features တွေ ပါဝင်တာကြောင့် ပုံထွက်ကောင်းတဲ့ ဓာတ်ပုံတစ်ပုံကို ရရှိစေမှာပဲဖြစ်ပါတယ်။ RAM အနေနဲ့ 3GB RAM ၊Storage 64GB ROM တို့ပါဝင်တဲ့အတွက် အရမ်းကို အဆင်ပြေစေပါတယ်။

Vivo ကတော့ smart phone လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။အသစ်အသစ်သော ဆန်းသစ်တီထွင်မှုတွေ ဝန်ဆောင်မှုတွေ နဲ့အတူဦးဆောင်လမ်းဖောက်ရှေ့ဆက်သွားနေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။အမေရိကန်နိုင်ငံ တရုတ်နိုင်ငံ တွေမှာ သုတေသနဖွံဖြိုးရေးစင်တာ များကိုလည်း တည်ထောင်ထား ပါတယ်။ Vivo စမတ်ဖုန်းတွေကို ကမ္ဘာတစ်လွှားက သန်း၂၀၀ ကျော်အသုံးပြုနေကြပြီး အရောင်းဆိုင် များကို မြို့ပေါင်း ၁၀၀၀ ကျော်မှာထားရှိထားပါသေးတယ်။

Photo Credit - Vivo

Commercial Article

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။