ပရိသတ်ကြီးရေ..အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ အဆိုတော်သရုပ်ဆောင် ရဲလေးနဲ့ ချစ်သက်လို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောသက်မွန်မြင့်တို့တော့ ပရိသတ်အသည်းကျော်လေးတွေပါပဲ..။

ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်ကြတဲ့ ရဲလေးနဲ့ ချစ်သက်လေးတို့ သူငယ်ချင်းနှစ်ယောက်ကတော့ အနုပညာအလုပ်တွေ အတူလက်တွဲလုပ်ဆောင်နေပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ဘာလာလာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အတူသရုပ်ဆောင်ထားကြတာတွေ့ရပါတယ်..။

Photo Credit - Ye Tun Min’s Facebook
Photo Credit - Thet Mon Myint’s Facebook

ဇာတ်ကားအတူရိုက်ရင်း သူငယ်ချင်းတွေ အတူခွီခဲ့ကြရတဲ့ အမှတ်တရလေးတွေကိုလည်း ရဲလေးက ချစ်ပရိသတ်တွေကို ပြန်လည်ပြောပြလာခဲ့ပြီး အရမ်းရယ်တတ်လွန်းတဲ့ ချစ်သက်လေးရဲ့ အကြောင်းလေးကိုလည်း ရယ်ရယ်မောမောနဲ့ ပြောပြထားပါတယ်..။

အရမ်းရယ်တတ်လွန်းတဲ့ ချစ်သက်လေး ရယ်ကြောပြတ်တာကို ထိုင်စောင့်နေခဲ့ရတဲ့ အမှတ်တရလေးကိုလည်း ပြန်လည်ဖောက်သည်ချပြီး ပြောပြထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

Photo Credit - Thet Mon Myint’s Facebook
Photo Credit - Thet Mon Myint’s Facebook

“ဘာလာလာ” ဟာသရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးရင်း ပျော်ခဲ့ကြရတဲ့ အမှတ်တရလေးတွေများစွာရှိသလို ဇာတ်ကားထဲမှာ ကိုယ့်ကိုကိုယ် ကောင်မလေးတစ်ယောက်လို မြင်မိပြီး ကိုယ်ပုံစံလေးကိုချစ်နေခဲ့တဲ့အကြောင်းလေးနဲ့ အရမ်းရယ်တတ်တဲ့ သက်မွန်လေးရဲ့ အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် ရဲလေးရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာမို့ အားပေးကြည့်ရှု့ရင်း မှတ်ချက်လေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Thet Mon Myint’s Facebook
Photo Credit - Thet Mon Myint’s Facebook

Photo Credit - Thet Mon Myint’s Facebook ၊ Ye Tun Min’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။