မေသစ္စာမောင်ကတော့ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် ပရိသတ်တွေကြားရေပန်းစားနေသူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ ဆွဲဆောင်မှုရှိပြီး ညို့အားပြင်းတဲ့ ပုံရိပ်လေးတွေဟာ ပုရိသတွေကြားအတော်လေးကို ရေပန်းစားနေခဲ့တာပဲ ဖြစ်ပြီး သူမကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုရယူထားနိုင်ခဲ့ပါတယ်။
မေသစ္စာမောင်ကတော့ ထိုင်းနိုင်ငံမှာ လိင်အင်္ဂါကို အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပြီး စိတ်ပူပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။မေသစ္စာမောင်ကတော့ အသက်၂၁ မှာပဲကျွန်မအတွက်ဘဝအသစ်တစ်ခုနဲ့ဖြတ်ကျော်နိုင်တော့မှာမို့ ပျော်ရွှင်နေပြီး သူမကို ဒီထက်မက ချစ်ပေးဖို့ ပရိသတ်တွေကိုတောင်းဆိုလိုက်ပါတယ်။
သူမကတော့" စိတ်ပူပေးကြနဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်Operation အောင်မြင်စွာပြီးဆုံးပါတယ်အသက်၂၁ မှာပဲကျွန်မအတွက်ဘဝအသစ်တစ်ခုနဲ့ဖြတ်ကျော်နိုင်ပါတော့မယ် အဲ့အတွက် Real Team clinicကိုလည်းကျေးဇူးအများကြီးတင်ပါတယ်.ကျွန်မကိုအကောင်းဆုံးခွဲစိတ်ပေးတဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်.ကျွန်မကိုလည်းအမြန်ကျန်းမာစေဖို့ဆုတောင်းပေးကြပါအုံးလို့ ဒီထက်မကဆက်ချစ်ပေးကြဖို့မျော်လင့်ပါတယ် " ဆိုပြီးရေးသားထားခဲ့ပါတယ်။
source: May Thitsar Maung 's facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။