အမျိုးသမီးတစ်ဦးဟာ သူသားလေးတွေ စားဖို့ ကြက်ဥငါးလုံး ခိုးယူမှုကြောင့် ရဲက ဖမ်းစီးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဖြစ်မှန်ကို သိသွားတဲ့ အခါမှာတော့ သူမကို ရဲကမဖမ်းတော့ပဲ စားသောက်ကုန်တွေ ယူလာပေးခဲ့ပါတယ်။ မထင်မှတ်ထားတာတွေ ကြုံတွေ့ရလို့ ထိုအမျိုးသမီးတစ်ယောက် ပျော်ရွှင်ပြီး ဝမ်းသာမျက်ရည်ကျနေတဲ့ ပုံပဲ ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

ဒီပုံလေးမှာတော့ ကလေးငယ်လေးတစ်ဦးဟာ ဦးနှောက်ကင်ဆာရောဂါကြောင့် ဦးခေါင်းခွဲစိတ်မှုတစ်ခုကို ပြုလုပ်ထားခဲ့ရပါတယ်။ ဦးခေါင်းထွဲစိတ်မှုအပြီး ခေါင်းမှာ ချုပ်ရိုးအရာကြီးတစ်ခုတော့ ကျန်နေခဲ့တာကြောင့် ကလေးလေး စိတ်အားမငယ်ဖို့အတွက် သူရဲ့ဖခင်ဖြစ်သူက သူပါကတုံးတုံးပြီး ခေါင်းမှာ သူ့သားလေးအမာရွတ်နဲ့ ပုံစံတူဖြစ်သွားအောင် တက်တူးထိုးပြီး သားဖြစ်သူ စိတ်အားမငယ်ရအောင် အားပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

ဒေါက်တာ လီဂျောင်း Li Jugangဟာ သူမရဲ့ခြေနှစ် ချောင်းမရှိတော့ပေမဲ့လည်း အိမ်မှာဆေးကုသတဲ့အခါ ခွေခြေလေးတွေကို အသုံးပြုပြီး ရွေ့လျား သွားလာကာ ဆေးကုသတာပဲ ဖြစ်ပါတယ်။သူမဟာ အရေးကြီးတဲ့လူနာဆိုရင် သူမကိုယ်တိုင် သွားရောက် ကုသပေးပါတယ် ဒီလိုသသွားတဲ့အခါ သူမရဲ့ယောကျ်ား က ကုန်းပိုးကာ လိုက်ပို့ပေးပါတယ်။ Li Jugang ဟာ 2001 ကတည်းက စတင်ကုသပေးခဲ့ပြီး ယနေ့ အချိန်မှာ လူနာပေါင်း ၆၇၀၀ လောက်ကုသပေးပြီးပါပြီပဲ ြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

နန်ဂျင်း ရန်ဇီမြစ် တံတားဟာ ကိုယ့်ကိုယ်ကို သတ်သေ မှု အလွန်များတဲ့ တံတားဆိုပြီး တရုတ်နိုင်ငံမှာ အလွန်ကို နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဘဝကို အရှုံးပေးပြီး မိမိအသက်ကို စွန့်လွှတ်ဖို့ ကြံစည်သူများကို ချမ်းစီ ဆိုတဲ့ အမျိုးသားတစ်ဦးဟာ စောင့်ဆိုင်းကယ် တင်နေခဲ့ပြီး ယခု အချိန် မှာ ၁၄၄ ယောက်ကယ်တင်ခဲ့ပြီးပါပြီပဲ ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။