Minnesotan မှ ဗိသုကာ ပညာရှင်တွေ ဟာ ကမ္ဘာ့ အငြိမ်သက်ဆုံး အခန်းတစ်ခုကို တည်ဆောက်ခဲ့ပြီး အကြားအာရုံ အဆင့် (-9 decibels) အထိကြားနိုင်အောင် စီမံထားပါ တယ်။ ဒီလိုမျိုး ထားလိုက်ခြင်းဖြင့် ပုံမှန်ကြားနေကြ အသံတွေမစုတ်သော လူ့ခန္ဒာကိုယ်ထဲက အသံတွေ

(ဥပမာ နှလုံး ခုန်သံ ကြီးတွေ l အစာအိမ်နှင့် အူလမ်းကြောင်း မှ အစာခြေ အသံကြီးတွေ အသက်ရှုသံတွေ)ကိုတောင် ပြန်ကြားနေရပြီး အခန်းထဲရောက်သွားသူတိုင်းဟာ စိတ်ခြောက်ခြားသွားပြီး ဘယ်သူမှ မိနှစ်နှစ်ဆယ် အထိတောင် မနေနိုင်ကြပါဘူး။

Photo Credit : သံ ဇဉ် မိုးဇတ်

အရွယ်ရောက်သော မိန်းကလေးများဟာ အမှောင်ထဲတွင် ရှက်သွေးဖြာ တတ်ပါသလား ဆိုတဲ့ မေးခွန်းကို ဘယ်သူမှ မသိကြပါဘူး။ ဒါပေမယ့်လည်း ဂျာမနီ နှင့် ဒတ်ချ် ပညာရှင်တို့ဟာ မိန်းကလေး တစ်ဦးတည်း ရှိနေတဲ့ အမှောင်ခန်းထဲမှာ မျက်နှာကို အပူချိန်ထောက်လှမ်းသည့် ကင်မရာ ဖြင့် ထောက်လှမ်းပြီး 18+ ဇတ်လမ်း တစ်ခုဖြင့်စမ်းသပ်ကြည့်ရာမျက်နှာတွင်ရှက်သွေးဖြာ သည့် အပူချိန်ကို တွေ့ရသောကြောင့် မိန်းကလေး များသည်အသက်အရွယ် ပေါ်တွင် မှီခို ပြီး အမှောင်ထဲတွင်လည်းတစ်ဦးတည်း ရှက်တတ်ကြောင်းသိရပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

နှစ်သန်းပေါင်း ၂၉၀ ခန့်က ငါးမန်းနှင့် တူတဲ့ Helicoprion ဆိုသောငါး၏ ကျောက်ဖြစ်ရုပ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမယ့်လည် းဒီငါးရဲ့ သွားများဟာ ခရုပါတ်ပုံဖြစ်နေပြီး သိပ္ပံပညာရှင်တို့ စဉ်းစားပုံဖေါ်ဖို့ အလွန် အကြပ်ရိုက်ခဲ့ကြပါတယ်။ နောက်ဆုံး ကွန်ပြူတာ ဂရပ်ဖစ်ဖြင့် ပုံဖေါ်မှုအရ ထိုငါး ရဲ့ သွားများဟာ ပါးစပ်၏ အပြင်၌သာ ရှိနေလိမ့်မယ်လို့ မှန်းဆခဲ့ကြပါတယ်။ ဒါ့အပြင် အဆိုပါငါးဟာ အာရှ l ဥရောပနှင့် တောင်အမေရိက တို့ တွင် ကျင်လည်ကျက်စားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။