ပရိသတ်ကြီးရေ.. ဒီကနေ့စက်တင်ဘာလ(၁၈)ရက်နေ့လေးကတော့ ပရိသတ်တွေအားလုံးရဲ့ အသည်းကျော် အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့ မွေးနေ့ရက်လေးဆိုတာ ပရိသတ်တွေအားလုံး အသိပါပဲနော်..။

နန်းဆုလေးကတော့ သူမရဲ့ မွေးနေ့ရက်လေးမှာ မနက်စောစော ဘုရားသွားကျောင်းတက် ကောင်းမှုကုသိုလ်လေးတွေကို ဆက်တိုက်ပြုလုပ်ကုသိုလ်ယူကာ မွေးနေ့လေးကို စိတ်ကြည်နူးအေးချမ်းစွာ ဖြတ်သန်းနေပါတယ်..။

Photo Credit - A Linn Young
Photo Credit - A Linn Young
Photo Credit - A Linn Young
Photo Credit - A Linn Young
Photo Credit - A Linn Young
Photo Credit - A Linn Young

မွေးနေ့မှာ ဘုရားတက် ရွှေသင်္ကန်းကပ် ပန်းရေချမ်းကပ်လှူပူဇော် ခိုစာကျွေး ငါးစာကျွေး ကုသိုလ်ယူခဲ့သလို သံဃာတော်တွေဆွမ်းကပ်လှူဖို့အတွက်လည်း ထမင်းဟင်းတွေ ကိုယ်တိုင်ချက်ပြုတ်ကာ ဆွမ်းလောင်းလှူ ကုသိုလ်ယူပြီး ဖြတ်သန်းနေတာပါ..။

ကိုယ်တိုင်အပင်ပန်းခံပြီး ချက်ပြုတ်ပြင်ဆင်ထားတဲ့ ထမင်းဟင်းဆွမ်းတွေကို နေ့ဆွမ်းအဖြစ် အိမ်ရှေ့ဆွမ်းတန်းကြွလာကြတဲ့ သံဃာတော်တွေကို လောင်းလှူကာ မိသားစုနဲ့အတူ ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - A Linn Young
Photo Credit - A Linn Young
Photo Credit - A Linn Young
Photo Credit - A Linn Young
Photo Credit - A Linn Young

“မွေးနေ့မှာ ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး အိမ်ရှေ့ဆွမ်းခံကြွလာသည့် သံဃာတော်များကို မိသားစုနဲ့အတူ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်..” ဆိုပြီး မိသားစုနဲ့အတူ ကုသိုလ်ယူခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ချစ်ရတဲ့ ပရိသတ်တွေအတွက်လည်း နန်းဆုလေးက သူမရဲ့မွေးနေ့အလှူကုသိုလ်လေးတွေကိုလည်း အားလုံးအတွက် အမျှပေးဝေထားသလို ပရိသတ်တွေကလည်း မွေးနေ့ရှင်လေး နန်းဆုအတွက် ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်..။

Photo Credit - A Linn Young
Photo Credit - A Linn Young
Photo Credit - A Linn Young
Photo Credit - A Linn Young
Photo Credit - A Linn Young

Photo Credit - A Linn Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။