ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းဟာဆိုရင် တိုင်းရင်းသူမလေးတစ်ယောက်ဖြစ်တာကြောင့် ဖြူဖွေးနုဖတ်တဲ့အသားအရည်လေးကအရမ်းလှပါတယ်နော်။နန်းမြတ်ကတော့ ချစ်ရတဲ့သူနဲ့အတူ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးမှာ စိတ်ချမ်းသာနေကာ သားလေးတစ်ယောက်လည်းမွေးဖွားထားလို့ မိသားစုဘဝလေးက နွေးနွေးထွေးထွေးပါပဲနော်။

Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook

နန်းမြတ်က သားလေးကိုယ်ဝန်ရှိချိန်မှာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး ကိုယ်ဝန်ကိုသာသေချာဂရုစိုက်နေပါတယ်။သားလေးမွေးဖွားပြီးချိန်မှာလည်း Jack Jackလေးကို ပြုစုနေရတာကြောင့် အနုပညာအလုပ်တွေကိုမလုပ်နိုင်သေးတာပါနော်။ပရိသတ်တွေကတော့ နန်းမြတ်ကို အနုပညာအလုပ်တွေမလှုပ်ရှားသေးလည်း အရင်လိုပဲချစ်မြဲ အားပေးနေဆဲဖြစ်ပြီး အခုဆိုရင် Jack Jack လေးကိုလည်းအရမ်းချစ်ကြပါတယ်။

Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook

နန်းမြတ်တို့ဇနီးမောင်နှံကတော့ တစ်ဦးတည်းသောသားလေးကိုအရမ်းချစ်ပြီး အကောင်းဆုံးတွေကိုသာပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ နန်းမြတ်ကလည်း အနုပညာအလုပ်တွေကို နည်းနည်းပါးပါးပြန်လည်လုပ်ဆောင်နေပြီး သားလေး Jack Jack နဲ့ ရှုတင်အတူတူရိုက်ကူးနေပါတယ်။နန်းမြတ်က"ရှုတင်လိုက်ပို့ပေးတဲ့ဖေဖေလည်းကျေးဇူးပါနော်"ဆိုပြီး ချစ်ခင်ပွန်းကိုလည်း ကျေးဇူးတင်စကားပြောထားပါသေးတယ်။

Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook

Photo Credit:Nann Myat Phyo Thinn's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။