ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ပြင်သစ်နိုင်ငံရဲ့ သာယာလှပတဲ့ နေများစွာထဲမှာမှ ထူးထူးဆန်းဆန်း အဖြစ်ရှိနေတဲ့ တံတားလေးတစ်စင်းအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ် မြို့တွင် Lock bridge ဆိုတဲ့ တံတားလေး တစ်စင်းရှိပြီး တံတား တစ်ခုလုံး မှာသော့ခလောက်တွေ ချိတ်ထားတာတွေ့ရပါတယ်။ သော့ခလောက်တိုင်းမှာ နာမည်လေးတွေ ရေးထိုးထားကြပြီး

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : Pngtree

နာမည်လေးတွေကတော့ ချစ်သူ နှစ်ယောက် နာမည် သို့မဟုတ် အချစ်ဆုံး သူငယ်ချင်း နာမည်လေးတွေနဲ့ Signs လေးတွေပါ ရေးထားတတ်ပါတယ်။ ဒီလိုရေးထားတဲ့ သော့ခလောက်တွေကို ကာယကံရှင် တွေကိုယ်တိုင် သော့ခတ်ပြီး သော့ကိုတော့ မြစ်ထဲကို ပစ်ချကြပါတယ်။ တချို့လူတွေပြောကြတာကတော့ တစ်ကယ်လို့ ချစ်သူနှစ်ဦး ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး ဆိုရင်တောင် ဒီသော့လေးတွေ က ဘဝ အတွက် သက်သေ ဖြစ်စရာ လွမ်းမော စရာ အမှတ်ရစရာ ဖြစ်နေအောင် ဖန်တီးကြတယ်လို့ ဆိုပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : သံ ဇဉ် မိုးဇတ်

ဒီနေရာလေးဟာ ပြင်သစ်နိုင်ငံရဲ့ အထင်ကရနေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်များစွာလည်း ရှိပါတယ်။ ဒါ့အပြင် နာမည်ကြီး Romance ဇာတ်ကားတော်တော်များမှာ ဒီတံတာလေးကို နောက်ခံထားပြီး ရိုက်ကူးထားကြတာလည်း ရှိပါသေးတယ်။ အဓိပ္ပါယ်ပေါင်းများစွာနဲ့ တည်ရှိနေတေဲ့ ဒီတံတားလေးကတော့ ချစ်သူတွေ ၊ သူငယ်ချင်းတွေရဲ့ အမှတ်တရတွေကို သော့ခတ်သိမ်းဆည်းထားတဲ့ အမှတ်တရ တံတာလေး အဖြစ် ယနေ့တိုင် တည်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit : Pngtree

Source : သံဇဉ်မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။