နှစ်ပေါင်း နှစ်ထောင်လောက်က ခဲ သတ္တုဖြင့်ပြုလုပ်ထားတဲ့ စာအုပ်တစ်အုပ်ရဲ့ စာရေးဟန်နှင့် စာသားများ ဟာ Jesus ခေတ်မှ စာသားဖြစ်တယ်လို့ ပညာရှင်များက ပြောကြားခဲ့ပါတယ်။ ဒီစာအုပ်ကို အစ္စရေး နိုင်ငံနှင့် ကပ်လျက် ရှိတဲ့ ဂျော်ဒန် နိုင်ငံ မှာ 2008 ခုနှစ်၌တွေ့ရှိခဲ့ပါတယ်။ ခရစ်ယာန် ကျမ်းစာအုပ်၏ မူရင်း အရေး အသားများဖြစ်ပြီး Paleo-Hebrew အက္ခရာ များဖြင့်ရေးသားထားပါတယ်။ ရှေးဟောင်း စာပေ ကျွမ်းကျင်သူများ မှ ကျမ်းစာ မူရင်းကို ကြိုးစား အဓိပ္ပါယ် ပြန်ကြည့်ရာ တမန်တော် နောက်လိုက် နာမည်များ ဖြစ်သည့် James, Peter နှင့် John နာမည်များပါဝင်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီစာအုပ်ကို Jesus သေဆုံးပြီး များမကြာမှီမှာ ရေးသားထား ကြောင်းကို လည်း ပညာ၇ှင်များက ထပ်မံတွေ့ရှိခဲ့ကြပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : သံ ဇဉ် မိုးဇတ်

ရုတ်တရက်ကြည့်လိုက် ရင် 1980 ကဓါတ်ပုံ စာအုပ် ကာဗာ နဲ့တူပါတယ် ဒါပေမဲ့ ဒါဟာ ရုရှားနိုင်ငံက ဆားမိုင်း တွင်းဖြစ်ပြီး နှစ်ပေါင်းများစွာက ပင်လယ်ဆားတွေ အနယ်ကျ လာရာက စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အခုတော့ ဒီနေရာမှာ လူတွေ အလုပ်မလုပ်ကြတော့ပါဘူးပဲ လူသူမရှိ တိတ်ဆိတ်တဲ့ နေရာတစ်ခုအဖြစ် ရှိလို့နေပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

အသက် ၅၂ နှစ်ရှိပြီဖြစ်သော ဂျာမန်စစ်သား ဟောင်း Manfred Fritz Bajorat ဆိုသူသည်အပျော်စီး ရွက်သင်္ဘော ပေါ်တွင် မံမီ

ပုံစံဖြစ်ကာ ဖိလစ်ပိုင် ရေပိုင်နက်တွင် တွေ့ရှိခဲ့ပါတယ်။ ရုတ်တရက်ကြည့် လိုက်လျင် အိပ်ပျော်နေသည့် မံမီ နှင့် တူနေပြီး ရဲအရာရှိတွေ သုံးသပ် ချက်အရ သူသည် ရုတ်တရက် နှလုံးရပ်တန့် သေဆုံးခဲ့ပုံရကာ ပင်လယ်ဆားငံရည် အငွ့အသက်ကြောင့် ခန္ဒာကိုယ်ကို မပုတ်မသိုးပဲ ကျန်ခဲ့သည်ဟုသာ ကောက်ချက်ချခဲ့ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။