ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မင်းသားချောလေး စည်သူဝင်းကလည်း အပါအဝင်ပါပဲ..။

MRTV-4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားတဲ့ စည်သူဝင်းကတော့ “မိုးကောင်းကင်အိမ်မက်” ဇာတ်ကားမှာ ပရိသတ်တွေရဲ့တခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားသလို “နှင်းဆီ” ဇာတ်ကားမှာလည်း ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ဗီလိန်အဖြစ် ပရိသတ်တွေကို စိတ်လှုပ်ရှားစေပြန်ပါတယ်..။

Photo Credit - Si Thu Win’s Facebook
Photo Credit - Si Thu Win’s Facebook

မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားတဲ့ စည်သူဝင်းကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း Tik Tok ဗီဒီယိုဖိုင်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါတယ်..။

ချစ်ပရိသတ်တွေအတွက် ဟန်ပန်အမူအရာတွေအမျိုးမျိုးနဲ့ တစ်ယောက်တည်းဆော့ကစားထားတဲ့ စည်သူဝင်းရဲ့ Tik Tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပရိသတ်တွေအားလုံးကလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Si Thu Win’s Facebook
Photo Credit - Si Thu Win’s Facebook

“အကိုကျော် ရဲ့အချစ်လေးတွေရှိလား..” ဆိုပြီး အကိုကျော်ရဲ့ ချစ်ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုဖိုင်လေးတွေကို မျှဝေထားတာဖြစ်ပြီး အဲ့ဒီပို့စ်အောက်မှာလည်း ပရိသတ်တွေနဲ့ စကားလေးတွေပြောထားကြပါတယ်နော်..။

ဒီကနေ့လေးမှာတော့ အကိုကျော်ရဲ့ ချစ်ပရိသတ်တွေအတွက် စည်သူဝင်းရဲ့ Tik Tok လေးတွေကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ အကိုကျော်အတွက် အားပေးစကားလေေးတွလည်း ပြောပေးသွားပါဦးနော်..။

Photo Credit - Si Thu Win’s Facebook
Photo Credit - Si Thu Win’s Facebook

Photo Credit - Si Thu Win’s Facebook

Source - Si Thu Win’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။