Vivo V17 Pro ရဲ့ ကင်မရာ နောက်ကျောဘက်မှာ ကင်မရာလေးလုံး အနည်းဆုံး ပါဝင်မှာဖြစ်ပြီး ရှေ့ဘက်က wide angle sensor ပါဝင်တဲ့ dual pop-up ကင်မရာပဲ ဖြစ်ပါတယ်။ Vivo V17 Pro က smartphone လောကရဲ့ dual-pop-up ကင်မရာ ပါဝင်လာတဲ့ ပထမဆုံးဖုန်း ဖြစ်တယ်လို့ အခိုင်အမာပြောလို့ ရပါတယ်။ Vivo V15 Pro မှာ ကင်မရာတွေက ရှေ့ဘက်မှာတစ်လုံး၊ နောက်ဘက်မှာ သုံးလုံးနဲ့ စုစုပေါင်း ကင်မရာလေးလုံး ပါဝင်ခဲ့ပြီး လာမယ့် Vivo V17 Pro ကတော့ Vivo ကုမ္ပဏီရဲ့ ပထမဆုံး ရှေ့ဘက် dual pop-up camera ပါဝင်တဲ့ အလန်းစား စမတ်ဖုန်းသစ် ဖြစ်ပါတယ်။


Photo by Myanmarload

အရှေ့ကင်မရာမှာလည်း night mode နဲ့ wider selfie features အပြင် အသေးစိတ်ပုံ ထွက်ရရှိအောင် ရိုက်ကူးနိုင်မယ့် macro-lens လဲ ပါဝင်တာမု့ိ အမိုက်စား အလန်းစား ပုံလေးတွေ ရရှိဖို့ကိုတော့ Vivo V17 Pro က တာဝန်ယူပါတယ်။ ကင်မရာပိုင်းနဲ့ ပတ်သက်လို့ တော်တော့်ကို ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တာမို့ လူကြီးမင်းတို့ကတော့ Pre - Order မှာယူဖို့ တာဝန်ယူလိုက်ပါနော် ။ စိတ်ဝင်စားစရာ နောက်ထပ် အချက်တစ်ခုကတော့ USB Type C ပါဝင်လာမလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ V15 Pro မှာ Micro USB ပဲ ပါဝင်လာတဲ့အတွက် V ချစ်သူ အားလုံးက Vivo ဖုန်းအသစ်တွေမှာ USB Type C ကို စောင့်စားနေကြတယ်ဆိုရင်လည်း မမှားပါဘူး။


Photo by Myanmarload

V17 Pro ရဲ့ CPU ကို internal storage အနေနဲ့ 8GB RAM နဲ့ 128GB ROM ပါဝင်မှာဖြစ်ပြီး Display ပိုင်းမှာလည်း သီးသန့် တီထွင် အသုံးပြုထားတဲ့ New Super AMOLED Display ကို အသုံးပြုထားပါတယ်။ Display ပိုင်းမှာလည်း အားသာအောင် အသုံးပြု ထားသလို ဘက်ထရီ အားကုန်မြန်တဲ့ ပြဿနာတွေ အတွက်လည်း 4100 mAh နဲ့ အမြန်အားသွင်းစနစ် (Dual Engine Fast Charging) ပါဝင်ပါတယ်။ ဒီလောက် ကောင်းတဲ့ Vivo V17 Pro ကို မြန်မာနိုင်ငံဈေးကွက်ထဲမှာ မကြာခင် မိတ်ဆက်တော့မှာဖြစ်ပြီး ထူးထူးခြားခြား အနေနဲ့ တရားဝင် မထွက်ရှိခင် ကြိုတင် Pre – Order စတင်လက်ခံတော့မှာပဲဖြစ်ပါတယ်။

Photo by Myanmarload

WOW … Vivo V17 Pro နဲ့ ဘယ်လို လန်းကြမလဲ ဆိုတာကတော့ လျှို့ဝှက်ချက်နော် …

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။