မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ လင်းဇာနည်ဇော်ဟာဆိုရင် ယနေ့အချိန်ထိလည်း အနုပညာနယ်ပယ်မှာလှုပ်ရှားနေပြီး ဇာတ်ကားတွေအများကြီးရိုက်ကူးနေဆဲဖြစ်ပါတယ်။လင်းဇာနည်ဇော်ကိုတော့ ပရိသတ်တွေက တစိုက်မက်မက်အားပေးလာကြပြီး ဟိုးအရင်တုန်းကလိုပဲ ဆံနွယ်ရှည်ရှည်နဲ့နုပျိုလှပနေသေးကာ သွားထပ်လေးတွေနဲ့ပြုံးလိုက်တိုင်းအရမ်းချစ်စရာကောင်းပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

လင်းဇာနည်ဇော်ကတော့ သမီးလေးတစ်ယောက်ရှိပြီး သမီးချောလေးမြူလင်းကိုကိုက သြစတေးလျမှာပညာသင်ယူနေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ညီအစ်မနှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ပြီး အပြန်အလှန်ဖေးမကူညီခြင်းတွေနဲ့ အေးအတူပူအမျှနေထိုင်နေကြတာပါ။စီးပွားရေးကိုလည်း ညီအစ်မနှစ်ယောက်လုံးကတက်ညီလက်ညီနဲ့လုပ်ကိုင်နေကြပါတယ်နော်။ညီအစ်မနှစ်ယောက်လုပ်ကိုင်ကြတဲ့"ရွှေခေါက်ဆွဲ"လုပ်ငန်းလေးကလည်း နာမည်ရလာပြီး တစ်စတစ်စနဲ့အောင်မြင်လာပါပြီနော်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က စီးပွားရေး လူမှုရေး ကုသိုလ်ရေး ဘာတစ်ခုမှလစ်ဟင်းမှုမရှိအောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မနက်ခင်းအာရုဏ်ဆွမ်းလောင်းလှူဖို့အတွက် ညီအစ်မနှစ်ယောက်ကိုယ်တိုင် တက်ညီလက်ညီချက်ပြုတ်နေကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေလိုက်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

Photo Credit:Lin Zarni Zaw's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။