ပရိသတ်ကြီးရေ ဖိုက်တင်မင်းသမီးချောလေး ယဉ်လက်ကတော့ မြန်မာဆန်တဲ့အလှအပတွေကို ပိုင်ဆိုင်ထားပြီး အရမ်းချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်နော်။ယဉ်လက်က ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်နေပြီး ပရိသတ်တွေကလည်းလက်ခံအားပေးကြလို့ အနုပညာလောကမှာနေရာတစ်နေရာကနေ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

Photo Credit:Yin Let's Facebook
Photo Credit:Yin Let's Facebook
Photo Credit:Yin Let's Facebook

အသက်၂၀ကျော်မိန်းကလေးတစ်ယောက်အရွယ်ဖြစ်တဲ့ ယဉ်လက်က အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေကိုရရှိထားပြီး ဘက်စုံတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အနုပညာမှာလည်းတော်တဲ့အပြင် အားကစားဘက်မှာလည်းထူးချွန်လို့ တိုင်ကွမ်ဒိုအားကစားမှာ ခါးပတ်နက်ကို ရရှိထားတာပါနော်။ယဉ်လက်ကတော့ မိန်းကလေးဖြစ်ပေမယ့်လည်း အတိုက်အခိုက်တွေမှာ ကျွမ်းကျင်တာဖြစ်လို့ ဖိုက်တင်ဇာတ်ကားအများအပြားရိုက်ကူးပါတယ်။

Photo Credit:Yin Let's Facebook
Photo Credit:Yin Let's Facebook
Photo Credit:Yin Let's Facebook

လက်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားကိုရိုက်ကူးနေပြီး ပရိသတ်အင်အားကလည်း ပိုပိုပြီးတောင့်တင်းလာပါတယ်နော်။ဇာတ်ကားတစ်ကားရိုက်ရင် စိတ်ရောကိုယ်ပါနှစ်ပြီးကြိုးစားတတ်တဲ့ ယဉ်လက်က အခုဆိုရင်လည်း ဇာတ်ကားတစ်ကားရိုက်ဖို့အတွက် ချောမောလှပတဲ့မျက်နှာလေးကို ဒဏ်ရာဒဏ်ချက်တွေနဲ့သေချာပြင်ဆင်ထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Yin Let's Facebook
Photo Credit:Yin Let's Facebook
Photo Credit:Yin Let's Facebook
Photo Credit:Yin Let's Facebook

Photo Credit:Yin Let's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။