ပရိသတ်ကြီးကို ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးဆင်းစေတဲ့ အဖြစ်များဆုံးအကြောင်းအရာတွေထဲကမှ အချင်းရှေ့ရောက်တာ "Placenta Previa" ဆိုတာနှင့် အချင်းကွာတာ "Abruptio Placenta" ဆိုတာကို အသေးစိတ်ဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်... ထိုကဲ့သို့ ဖြစ်လာခဲ့တဲ့အခါ ဘာတွေစစ်ဆေးပြီး၊ ဘယ်လိုကုသမှုခံယူရမလဲ ဆိုတာကို ဆွေးနွေးတင်ဆက်ပေးမှာဖြစ်ပါတယ်...။ ဒီအခြေအနေ နှစ်ခုစလုံးဟာ ဆေးရုံသွားကို သွားရပါမယ်...။ ဆေးရုံမှာတော့ အာထရာဆောင်းရိုက်တာ၊ သွေးစစ်တာ၊ ဆီးစစ်တာ၊ ကလေးနှလုံးခုန်နှုန်းတိုင်းတာ အစရှိတဲ့ လိုအပ်သော စစ်ဆေးမှုတွေကို လုပ်ပေးမှာဖြစ်ပါတယ်...။

photo credit pngtree

သွေးတွေ ဆင်းထားတာဖြစ်တဲ့အတွက် လိုအပ်ရင် သွေးသွင်းတာ၊ ဆေးချိတ်တာတွေ လုပ်ပေးပါလိမ့်မယ်...။ သွေးအားနည်းနေရင်လည်း ဖြည့်စွက်ဆေးတွေ တိုက်ပါမယ်...။ မွေးရတော့မယ်ဆိုရင်လည်း ခွဲမွေးမလား၊ ရိုးရိုးမွေးမလားဆိုတာတွေ သေချာဆုံးဖြတ်ရပါတယ်...။ ဒါတွေက ဆရာဝန်တွေ လုပ်ပေးသွားမှာတွေဖြစ်လို့ အသေးစိတ်မပြောတော့ပါဘူး...။ အရေးကြီးတာက မေမေတွေကို မိသားစုဝင်တွေက စောင့်ရှောက်မှု ဘယ်လိုပေးမလဲဆိုတာ၊ မေမေတွေက ဘာတွေလိုက်နာရမယ်ဆိုတာ သိထားဖို့ပဲဖြစ်ပါတယ်...။

photo credit pngtree

ကလေးကို မိခင်နို့တိုက်ကျွေးရမှာဖြစ်ပါတယ်...။ ကလေးကို သေချာဂရုစိုက်ရမှာပါ...။ သွေးအားနည်းနေမှာဖြစ်တဲ့အတွက် သွေးအားကောင်းစေမယ့် အစားစာတွေ၊ ဆေးတွေကို သေချာစားသောက်ရမှာပါနော်...။ "Family Plan" နဲ့ "Birth Spacing" လို့ခေါ်တဲ့ ဘယ်လောက်အကြာမှာမှ ကလေးယူမယ်၊ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြား ဘယ်လောက်ခြားမယ်၊ မွေးလာတဲ့ကလေးအတွက် ဘယ်အချိန်မှာ ဘာတွေဖြည့်ဆည်းပေးဖို့ အဆင်သင့်လုပ်ထားရမယ် ဆိုတာတွေကို အတိအကျပြင် ဆင်ထားဖို့လိုအပ်ပါတယ်....။ တကယ်လို့ ကလေးအသေမွေးတာမျိုးတွေ ရှိရင်တော့ မိခင်ဖြစ်သူကို "Bromocriptine" လို နို့ခမ်းဆေးတွေအပြင် စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေ၊ ဂရုစိုက်မှုတွေ ပေးကိုပေးရပါမယ်။ ပြီးတော့ မိခင်ဖြစ်သူကို ကျန်းမာရေးအသိပေးတာမျိုး၊ နောက်ထပ်မဖြစ်အောင် ဖြစ်စေတဲ့အချက်လေးတွေကနေ ကြိုတင်ကာကွယ်တာ မျိုးတွေပြင်ဆင်ထားဖို့က တစ်ကယ်ကိုအရေးတကြီး လိုအပ်ပါတယ်နော်....။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ “မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၃)" ကျန်းမာရေးဆောင်းပါးမှ အချင်းရှေ့ရောက်တာ၊ အချင်းကွာတာတို့ ဖြစ်လာခဲ့ရင် ဘာတွေ စစ်ဆေးပြီး၊ ဘယ်လိုကုသမှု ခံယူရမလဲဆိုတာကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။