ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ အနုပညာလမ်းကြောင်းမှာ မိန်းကလေးပရိသတ်တွေအများဆုံးရရှိထားတဲ့ အနုပညာရှင်ပဲ ဖြစ်ပါတယ်..။
အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ် ရပ်တည်နေသလို မိန်းကလေးတိုင်း သဘောကျလောက်တဲ့ အရပ်ရှည်ရှည်နဲ့ ဆွဲဆောင်မှုရှိပြီး ယောင်္ကျားပီသတဲ့ ဟန်ပန်လေးတွေနဲ့ တိရိစ္ဆာန်လေးတွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ စိတ်ထားလေးတွေကြောင့် ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း ဖြစ်ပါတယ်..။
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် ပရိသတ်တွေကြားရေပန်းစားနေတဲ့ ပိုင်တံခွန်ကတော့ အခုတစ်ခါမှာလည်း မိဘတွေအတွက် သားလိမ္မာလေးတစ်ယောက်ဖြစ်နေပြန်တာ ပရိသတ်တွေသိရပြန်ပါတယ်နော်..။
ဝါသနာပါတဲ့ အနုပညာအလုပ်တွေဆက်တိုက်လုပ်ဆောင်ပြီး ငွေရှာပေမယ့် ငွေသိပ်မသုံးတတ်တဲ့ ပိုင်တံခွန်ကတော့ မိဘတွေကို လုံးဝစိတ်ညစ်မခံပဲ အရိပ်တကြည့်ကြည့်နဲ့ လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းပေးဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်..။
မိဘတွေကို ကန်တော့တိုင်း ဖေ့စ်ဘွတ်မှာ ပုံမတင်ဖြစ်တဲ့အကြောင်းလေးကိုလည်း ပြောပြထားသလို မရှိတဲ့လူတွေအတွက်လည်း တတ်နိုင်သလောက် မကြာခဏအလှူလေးတွေ လုပ်ဖြစ်တဲ့အကြောင်းလေးတွေကိုလည်း ပိုင်တံခွန်က ပြောပြထားပါသေးတယ်..။
ပရိသတ်တွေရဲ့အသည်းကျော် မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေကလည်း သားလိမ္မာလေးအတွက် ကျေနပ်ပီတိလေးတွေနဲ့အတူ သဘောကျနေကြပါတယ်..။
Photo Credit – Paing Takhon’s Facebook
Video by Myanmarload
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။