ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ တေးသံရှင်စန္ဒီမြင့်လွင်ကတော့ ပျော်ရွှင်ချမ်းမြေ့စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး ပရိသတ်တွေကလည်း ဒီးဒီးရဲ့မိသားစုလေးကိုအရမ်းချစ်ကြပါတယ်။စန္ဒီမြင့်လွင်ရဲ့ သမီးချောလေးကလည်း ၂လကျော်အရွယ်ကိုရောက်ရှိနေပြီး ပါးလေးတွေကပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့သမီးလေးပါနော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

စန္ဒီမြင့်လွင်ကလည်း Treasure လေးကို အရမ်းဂရုစိုက်ပြီး သေသေချာချာစောင့်ရှောက်လို့ သမီးလေးကလည်း ကျန်းကျန်းမာမာနဲ့၂လကျော်အရွယ်ကိုရောက်လာပါပြီ။စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကလည်း သမီးနဲ့အမေကို သေချာဂရုစိုက်စောင့်ရှောက်ပြီး အရမ်းကြင်နာယုယပါတယ်နော်။စန္ဒီမြင့်လွင်တို့မိသားစုလေးက နွေးနွေးထွေးထွေးနဲ့အရမ်းချစ်စရာကောင်းပြီး အားကျဖို့ကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကတော့ အားတဲ့အချိန်တိုင်းသမီးလေးကိုထိန်းပေးပြီး အတူတူဆော့ကစားပေးပါတယ်။အခုဆိုရင်လည်း သမီးချောလေးTreasure ကို ချီပိုးထားပြီး သမီးလေးကိုတစိမ့်စိမ့်ကြည့်နေတဲ့ ချစ်ခင်ပွန်းကို မေမေစန္ဒီမြင့်လွင်က ဓာတ်ပုံရိုက်ထားပါတယ်နော်။ဖေဖေ့ရဲ့လက်ပေါ်မှာ ငြိမ်ငြိမ်လေးနေပြီးအေးဆေးနေတဲ့ Treasure လေးရဲ့ပုံရိပ်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

Photo Credit:Dee Dee's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။