မင်းသမီးချောလေး အိချောပိုဟာဆိုရင် အနုပညာလောကမှာ အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေကိုရရှိနေပြီး ပရိသတ်တွေလက်ခံအားပေးရတဲ့ အနုပညာရှင်တစ်လက်ပါနော်။အိချောပိုက အနုပညာတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ဖြစ်တာကြောင့် အနုပညာအရည်အသွေးတွေကတော့ အရမ်းကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်လို့ ပရိသတ်တွေကသဘောကျကြပါတယ်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

အိချောပိုက လက်ရှိမှာလည်းအနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတာဖြစ်ပါတယ်။မြန်မာဆန်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားပြီး သူမရဲ့အပြုံးလေးတွေနဲ့ချစ်စရာအမူအရာလေးတွေကလည်း အရမ်းဆွဲဆောင်မှုရှိပါတယ်နော်။စိတ်ထားလေးဖြူစင်နူးညံ့ပြီး မာန်မာနကင်းမဲ့တဲ့ အိချောပိုက သဘောကောင်းဖော်ရွေလွန်းလို့လူချစ်လူခင်လည်းပေါများပါတယ်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

စိတ်ထားလေးကလည်းကြည်လင်အေးချမ်းတာကြောင့် အိချောပိုရဲ့အလှကလည်း ကြည့်လေယဉ်လေနဲ့ မြင်သူတိုင်းရင်ကိုစွဲသွားစေပါတယ်။အခုဆိုရင်လည်း အရမ်းကြီးပြင်ဆင်ခြယ်သထားခြင်းမရှိဘဲ ရိုးရှင်းတဲ့သဘာဝအလှလေးနဲ့တောင် အရမ်းလှနေတာကြောင့် အိချောပိုရဲ့ရိုးရိုးရှင်းရှင်းအလှလေးကို ပရိသတ်ကြီးလည်း မြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ei Chaw Po's Facebook
Photo Credit:Ei Chaw Po's Facebook

Photo Credit:Ei Chaw Po's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။