ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်အကယ်ဒမီမင်းသမီးချောမယ်လိုဒီကတော့ အနုပညာလောကမှာ ယောင်္ကျားလေးပရိသတ် မိန်းကလေးပရိသတ်တွေမရွေး အားလုံးကချစ်ခင်အားပေးနေကြသူလေးပါ..။

အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ မယ်လိုဒီကတော့ ချစ်စရာကောင်းလွန်းတဲ့ သားချောလေးနဲ့အတူ ကြည်နူးအားကျစရာကောင်းလွန်းတဲ့ ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်..။

Photo Credit - Melody Myo’s Facebook
Photo Credit - Melody Myo’s Facebook

မေမေမယ်လိုဒီရဲ့ ချစ်စရာသားချောလေး သိဒ္ဓိစစ်လေးကလည်း ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ရင်သွေးလေးတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်..။

သားသားလေး သိဒ္ဓိစစ်လေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲပြန်လည်မျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ချစ်စရာ ဗီဒီယိုဖိုင်လေးနဲ့အတူ အားလုံးကို အချစ်ပိုစေပြန်ပါတယ်..။

Photo Credit - Melody Myo’s Facebook
Photo Credit - Melody Myo’s Facebook

သိဒ္ဓိစစ်လေးကတော့ မေမေ့ကို ကိုယ်တိုင်သွေးပေါင်ချိန်ပေးနေတာကို ပြန်ကြည့်ချင်လို့ ဗီဒီယိုလေးရိုက်ခိုင်းထားပြီး ဆရာဝန်လေးအဖြစ် သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဖိုင်လေးဖြစ်ပြီး မေမေမယ်လိုဒီက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပါ..။

“သွေးပေါင်ချိန်ပေးမယ် Video ရိုက်ထားပေးပါတဲ့

ရိုက်ပြီးပြန်ပြရသေးတယ်

မင်းသား ဆရာဝန်အကယ်ဒမီ သိဒ္ဓိစစ် ပါ..” ဆိုပြီး သားလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်တာ ဖြစ်ပါတယ်..။

Photo Credit - Melody Myo’s Facebook

Photo Credit - Melody Myo’s Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။