အာကာသ ယာဉ်မှုးများ ဟာဖိအားမရှိတဲ့ Space ထဲရောက်ရှိ နေစဉ် အဆစ်အမြစ် ကိုက်ခဲတဲ့ ဝေဒနာကို ခံစား ရတက်ပါတယ်။ အကြောင်းအရင်းကတော့ သွားပေါက်လေးတွေ အရိုး အဆစ် တွေထဲက လေ တွေဟာ volume expand ထုထည်ပျံကား လာတက်သောကြောင့်ဖြစ်ပါတယ်။ ဒါ့ပြင် Space ထဲရောက်ရင် မိမိရဲ့လက်က အပေါ်မြှောက်ထားလား အောက်ရောက်နေလား ဆိုတာ ခဏခဏ မှားယွင်းတတ်ပါသေးတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

နောက်ထပ် သိသင့်တာ တစ်ခုကတော့ အာကာသထဲရောက်တဲ့အခါ ကိုယ်ခန္ဒာထဲ မှ အရည်တွေဟာ အထက်ကို ရွေ့လျားတက်ပြီး နှာစေး ခြင်း lမျက်နှာ အမ်းနေတက်ခြင်းl အရိုးတွေဟာ ကယ်စီယမ်ဓာတ်ချို့တဲ့ခြင်းl အူထဲမှ မစင်တွေ ရွေ့လျားမှု နှေးကွေးခြင်း နှင့် နှလုံး ကျုံ့ သွားခြင်းများ ဖြစ်ပေါ်တက်ပါသေးတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

ထပ်ပြီး ကြုံတွေ့ရမယ့် နောက်တစ်ခုကတော့ ကမ္ဘာပါတ် လမ်းကြောင်း ထဲတွင်ရှိသော အကာသ ယာဉ်ဟာ တရက်တွင်

နေဝင် l နေထွက်ချိန် 16 ခါကြုံတွေ့ ရလို့ အိပ်ရတာ သိပ် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီလိုမျိုး ကြုံတွေ့ရခြင်းကို မနက်l နေ့လည်l ညနေl မိုးချုပ် လို့ခေါ်တဲ့( Circadian rhythms ) ပျောက်ဆုံးခြင်းလို့ ခေါ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

အရေးကြီးဆုံး အချက်ကတော့ အာကာ သတွင်း အလုပ်လုပ်နေစဉ် ဝတ်စုံ ပေါက်ပြဲ ခဲ့ပါက 15 စက္ကန့် အတွင်း ပါးစပ်l နှာခေါင်းl မျက်လုံးမှ အရည်များ ပျောက်ဆုံး သွားပြီး သေဆုံးသွားမှာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေဟာ အခုကိစ္စကို သေချာသိရှိနိုင်ရန်အတွက် 1965 ခုနှစ်တွင် ကမ္ဘာမြေပေါ်၌ လေဟာနယ် ပြုလုပ် ပြီးတိရိစ္ဆာန်ဖြင့် စမ်းသပ်ပြီးခဲ့ကြတာလည်း ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။