Relationship တစ်ခုမှာ ကိုယ်က ဘယ်လောက်ပဲချစ်နေပါစေ သူ့ဘက်က ကိုယ့်ရဲ့အချစ်တွေကို ဘယ်လိုမှ တုံ့ပြန်မလာတော့တဲ့အခါ၊ ဘယ်လိုမှ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့အခါ စောစီးစွာ လမ်းခွဲလိုက်သင့်ပါတယ်...။ လမ်းခွဲတဲ့အခါမှာ အေးအေးဆေးဆေးနဲ့ ဘာပြဿနာမှ မရှာဘဲ သူလည်း သူသွားလိုရာသွားပါစေ၊ ကိုယ်ကလည်း သူ့လိုသစ္စာမရှိဘဲ ဖောက်ပြန်တတ်တဲ့ သူမျိုးနောက်ထပ် မတွေ့ရအောင် နာကျင်မှုဝေဒနာတွေကို ကျွမ်းကျင်မှု သင်ခန်းစာအဖြစ် ပြောင်းလဲပစ်ရမှာပါ....။

photo credit pngtree

ကိုယ်က emotinal အရမ်းဖြစ်တတ်တဲ့သူဆိုရင် Relationship တစ်ခု မစခင်တည်းက သေချာ လေ့လာဆန်းစစ်ပြီးမှ တည်ဆောက်သင့်ပါတယ်...။ အထူးသဖြင့် မိန်းကလေးတွေက ချစ်တတ်၊ အယုံလွယ်တတ်ပါတယ်..။ ဒါကြောင့်ကိုယ်က propose လာလုပ်တဲ့ ကိုကြီးဖြစ်စေ၊ မောင်လေးဖြစ်စေ၊ ရွယ်တူဖြစ်စေ အချိန်တစ်ခု သတ်မှတ်ပြီး ကိုယ့်ကို တစ်ကယ်ကောချစ်ရဲ့လား၊ တစ်ကယ်ကောနားလည်မှုရှိရဲ့လား စသဖြင့်ပေါ်နော် လေ့လာဆန်းစစ်ကြည့်ရမှာပါ...။ ဘာလို့လည်းဆိုတော့ "အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်" တာမျိုးတွေ မဖြစ်ရအောင်ပါ...။ မိန်းကလေးတွေဘက်ကလည်း "ကြိုးရှည်ရှည်နဲ့ လှန်ထားတာမျိုး" အပြောမခံရအောင် သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ တိကျသချောတဲ့ အဖြေတစ်ခုပေးဖို့တော့ လိုပါတယ်...။ admin ပြောတဲ့ အချိန်တစ်ခုသတ်မှတ်ခိုင်းတယ်ဆိုတာ သုံးနှစ်၊ သုံးမိုးကြီးစောင့်ခိုင်းတာမျိုးမဟုတ်ပါဖူး...။

photo credit pngtree

အဓိက အချိန်ယူပြီး လေ့လာဆန်းစစ်တယ်ဆိုတာ ကိုယ့်ရဲ့လက်တွဲဖော်နဲ့ Relationship တစ်ခု တည်ဆောက်တာတင်မဟုတ်ပဲ၊ ပြိုကွဲသွားမယ်ဆိုလျှင် ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာကိုပါ ခေါင်းထဲကော၊ နှလုံးသားထဲကောထည့်ထားသင့်ပါတယ်....။ လက်တွဲသွားလို့ အဆင်ပြေတယ်၊ သူကလည်း ကိုယ့်အပေါ်သစ္စာရှိတယ် မင်္ဂလာဆောင်ပြီး မိသားစုဘဝတစ်ခုထူထောင်မယ်ဆိုတာတွေက ဒါနောက်ပိုင်း လေးလေးနက်နက်ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုပေါ်နော်...။ admin ပြောချင်တာက ပထမဦးဆုံး ပေါ့ပါးတဲ့ ချစ်သူဘဝလေးမှာပဲ (မိန်းကလေးပဲဖြစ်စေ၊ ယောက်ျားလေးပဲဖြစ်စေ) ရယူခြင်းဆိုတဲ့စိတ်ထက်၊ ပေးဆပ်ခြင်းဆိုတဲ့ စိတ်ကိုထားပြီး လက်တွဲသွားမယ်ဆိုရင် အကယ်၍ လမ်းခွဲဖြစ်ခဲ့တယ်ဆိုရင်တော့ ရန်သူတွေလို တစ်ယောက်မျက်နှာ၊ တစ်ယောက်မကြည့်ချင်လောက်အောင် မုန်းနေတော့မှာမဟုတ်ပဲ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေလို ခင်မင်နေဦးမှာဖြစ်ပါတယ်...။ သူ့ဘက်က ကိုယ့်အပေါ် လုံးဝခါးခါးသီးသီးဖြစ်သွားပါစေ၊ ကိုယ့်ရဲ့ အချစ်တွေကို မထိမဲ့မြင်ပြုပြီး နောက်တစ်ယောက်နောက်ပါသွားစေ အတတ်နိုင်ဆုံး ကိုယ့်ဘက်ကနေ လွယ်လွယ်ကူကူနဲ့ လမ်းခွဲပေးလိုက်ခြင်းဖြင့် သူလည်း ကိုယ်မရှိတဲ့ဘဝမှာ နောက်လူနဲ့ပျော်နေနိုင်သလို၊ ကိုယ့်ဘဝထဲကိုလည်း သူ့ထက်ကောင်းတဲ့သူ၊ သူ့ထက်နားလည်မှုအပြည့်အဝရှိတဲ့သူ ရောက်လာပါလိမ့်မယ်.....။

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။