ချစ်စဖွယ်အပြုံးလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အသည်းထဲထိနေရာယူထားတဲ့သူကတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပါ။ သူမဟာ သရုပ်ဆောင်ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်သူ တစ်ယောက်ဖြစ်သလို ပရိတ်သတ်တွေရဲ့ချစ်ခြင်းများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီးချောလေးပါ။

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

ပီပြင်ကျွမ်းကျင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေရရှိထားတာပါ။ ယခုဆိုရင် သူမအနုပညာလမ်းကြောင်းပေါ်ကိုရောက်ရှိတာ ဆယ်စုနှစ်တိုင်နေပြီပါ။ သူမရဲ့ မျက်နှာလေးက ဖြူဖြူစင်စင်နဲ့အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးပါ။ 

Photo Credit- Wutt Hmone Shwe Yi’s Instagram Myday
Photo Credit- Wutt Hmone Shwe Yi’s Instagram Myday

သူမရဲ့လှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဝေမျှလေ့ရှိသူပါ။ အခုမှာလည်း တူလေးနဲ့အတူပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြတဲ့ဗီဒီယိုလေးကိုတင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- Wutt Hmone Shwe Yi’s Instagram Myday

Photo Credit- Amazing Grace Photography 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။