သရုပ်ဆောင် နေခြည်ဦးကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူပါ။ သူဟာ မကြာခင်မှာလည်း Paris မြို့ကို အလုပ်ကိစ္စနဲ့သွားရောက်ရမှာပါ။ လွန်ခဲ့တဲ့ နာရီပိုင်းကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်လေးတစ်ခုတင်ထားတာပါ။ 

Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook

" Happiest 53rd Birthday ပါ ဖေကြီး

သက်ဦးမို့လို့ အရူးအမူးချစ်ခဲ့ပေမယ့် ဆိုးခဲ့တဲ့ သမီးကြီးကို

လက်ညှိုးတစ်ချောင်းနဲ့တောင် မတို့ခဲ့ဖူးဘူး။

ဘဝမှာ အစစအရာရာ မျက်နှာမငယ်ရအောင် မပြည့်မစုံဘဝထဲက ရုန်းကန်ကျွေးမွေးခဲ့တဲ့ ကျေးဇူးတွေကို သမီး အခုအချိန် ပြန်ရှာကျွေးနိုင်တဲ့ အချိန်မှာလဲ ဖေကြီးလိုချင်တဲ့ အချစ်တွေ မေတ္တာတွေ မိသားစုကို အချိန်ပေးဖို့တွေ ပိုလုပ်ပေးမယ်လို့ ဒီမွေးနေ့မှာ လက်ဆောင်အဖြစ်ပေးလိုက်မယ်နော်။

Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook
Photo Credit- Nay Chi Oo’s Facebook

အပင်တွေ အကောင်တွေ မြေတွေ ဝယ်ပြီး ပိုက်ဆံအမြဲ လိုနေတဲ့ မေကြီးကိုလဲ သမီးဘဲ အမြဲဒီလိုလေး ရီမောနေအောင်ဂရုစိုက်လိုက်ပါ့မယ်။ အငယ်နှစ်ကောင်တော့ ဖေကြီး ကျွေးရဦးမှာပေါ့။

ချစ်တယ် ဖေကြီး !

ဒီဘဝမှာ ဖေကြီး သမီး ဖြစ်ရတာ သမီး ဂုဏ်အယူဆုံးဘဲ

နောက်မွေးနေ့တွေမှာလဲ ဒီမိန်းမ ဒီသား ဒီသမီးတွေနဲ့ နောင်နှစ်ပေါင်း ၅၀ တူတူဖြတ်သန်းမယ်နော်။ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Nay Chi Oo’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။