ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ (သို့မဟုတ်) ကိုယ်ဝန်ဆိပ်တက်ပါက ခန္ဓာကိုယ်အတွင်း အပြောင်းအလဲတွေကတော့ အသည်းမှာလည်း သွေးကြောတွေကနေ သွေးယိုထွက်လာတာကြောင့် ဗိုက်အောင့်တာ၊ အန်တာ၊ အထိမခံနိုင်အောင် နာကျင်လာပါလိမ့်မယ်....။ သွေးနီဥတွေကွဲပြီး အသည်းအင်ဇိုင်းပမာဏက မြင့်တက်လာပါတယ်...။ ဦးနှောက်နဲ့ အာရုံကြောမှာဆိုရင် ခေါင်းကိုက်တာ အမြင်အာရုံမသဲကွဲတာ၊ တက်တာ၊ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်...။ မြင်လွှာသွေးကြောလေးတွေပေါက်ကုန်တာကြောင့် အမြင်ဝါးတာ၊ အလင်းတန်းတွေ ပေါ်နေတာ တွေကြုံရတတ်ပါတယ်....။

photo credit pngtree

ကိုယ်ဝန်ဆိပ်တက်တဲ့အခါ အရမ်းဆိုးလာတဲ့ အနေထားမျိုးမှာဆိုရင်တော့ ခန္ဓာကိုယ်တွင်းအပြောင်းအလဲတွေက ဘယ်လိုတွေ့ရတတ်သလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်....။

(၁) ခေါင်းကိုက်တာ (ခေါင်းအရှေ့ခြမ်း)

(၂) ထိုးအန်တာ

(၃) အမြင်အာရုံထိခိုက်တာ - အမြင်ဝါးတာ၊ မမြင်ရတာ၊ အမြင်နှစ်ထပ်ဖြစ်တာ

(၄) သတိလစ်တာ

(၅) ဗိုက်အောင့်တာ၊ မောတာ

(၆) ဆီးသွားနည်းပြီး တကိုယ်လုံးဖောလာတာ.....ဒါတွေကတော့ လူနာကြုံရတတ်တာတွေပဲဖြစ်ပါတယ်...။ စမ်းကြည့်တဲ့အခါမှာတော့...သွေးပေါင်ချိန် ၁၆၀/ ၁၁၀ ထက်ကျော်နေတာ၊ မျက်နှာ၊ ခြေလက်တွေမှာ အရည်တွေစုပြီး ဖောနေတာ...၊ သားအိမ်နဲ့ သန္ဓေသားအရွယ်အစားက ကိုယ်ဝန်ဆောင်ကာလနဲ့ ယှဉ်ရင်သေးနေတတ်တာ...၊ ဆီးချက်ကြည့်ရင် အသားဓာတ်တွေ အများကြီးပါနေတာ...၊ အသည်းအင်ဇိုင်းတွေတက်နေတာ၊ သွေးဖြူဥတွေနည်းနေတာ...၊ ယူရစ်အက်စစ် ပမာဏတက်နေတာတွေ တွေ့ရပါတယ်....။

photo credit pngtree

ဒါကြောင့် ဘာတွေစစ်ဆေးဖို့လိုအပ်သလဲဆိုတာနှင့် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်နော်..။ ဆီးစစ်မယ်၊ သွေးစစ်မယ်၊ ကျောက်ကပ်နဲ့ အသည်း အလုပ်ကောင်းကောင်းလုပ်နိုင်၊ မလုပ်နိုင် စစ်မယ်၊ အာထရာဆောင်းရိုက်မယ်၊ သန္ဓေသားနှလုံးခုန်နှုန်း သိရအောင် CTG စက်နဲ့ စမ်းရမှာဖြစ်ပါတယ်...။ မိခင်မှာဆိုရင် ကိုယ်ဝန်ဆိပ်တက်တာ၊ အချင်းကွာတာ၊ လေဖြတ်တာ၊ နှလုံးအလုပ်ကောင်းကောင်း မလုပ်တော့တာ၊ သွေးပြစ်တာ၊ ကျောက်ကပ်ပျက်တာတွေ ဖြစ်လာနိုင်ပါတယ်...။ သန္ဓေသားမှာဆိုရင်တော့ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ၊ ကိုယ်ဝန်ဆောင်ကာလမှာတင် သန္ဓေသားသေတာ၊ ရေမြွှာရေနည်းတာ၊ လမစေ့ဘဲ စောမွေးလိုက်ရတာတွေ ကြုံရတာပဲဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ “မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၄)" ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ အရမ်းဆိုးလာတဲ့ အနေထားမျိုးမှာဆိုရင် ဘယ်လိုတွေ တွေ့ရတတ်တယ်ဆိုတာ...၊ ဘာတွေစစ်ဆေးဖို့လိုအပ်သလဲဆိုတာနှင့် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်....။

source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။