ရောဂါကာကွယ်ပေးခြင်း - တချို့လေ့လာချက်တွေအရ အမျှင်ဓာတ်နဲ့ ကစီဓာတ်တွေဟာ နှလုံးသွေးကြောရောဂါဖြစ်နှုန်းကို လျော့ချပေးတယ် ဆိုပါတယ်...။ အမျှင်ဓာတ်ဟာ အဝလွန်တာနဲ့ အမျိုးစား ၂ ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးတဲ့အပြင် အူလမ်းကြောင်းကျန်းမာစေဖို့ကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်...။ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း - ဟင်းသီးဟင်းရွက်၊ သစ်သီးတွေနဲ့ အစေ့အနှံတွေစားတာဟာ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာ တွေ့ရပါတယ်...။ အမျှင်ဓာတ်တွေကို အူထဲမှာ မခြေဖျတ်နိုင်တာကြောင့် ကယ်လိုရီနည်းနည်းစားပြီး ပြည့်အင့်တဲ့ ခံစားချက်ဖြစ်စေပါတယ်...။ ဒါကြောင့် ဘယ်လိုကာဗိုဟိုက်ဒရိတ်မျိုးကို ဘယ်လိုရွေးချယ်စားသောက်ရမယ်ဆိုတာ နားလည်ဖို့လိုလာပါတယ်...။

Photo credit pngtree

မနက်စာကို အစေ့အနှံတွေ၊ အုပ် စတာတွေစားပေးသင့်ပါတယ်...။ အချိုဓာတ်နည်းပြီး အမျှင်ဓာတ်ပိုတဲ့ အစေ့အနှံ၊ ကာဗိုဟိုက်ဒရိတ်မျိုးစားတာက လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေကို ရရှိစေပါတယ်...။ ချိုလွန်းတဲ့ ကာဗိုဟိုက်ဒရိတ်တွေက စွမ်းအင်အနည်းငယ်သာပေးနိုင်တာကြောင့် မနက်စာအဖြစ် မစားသင့်ပါဘူး...။ နေ့လယ်စာကိုတော့ ဂျုံ၊ ပေါင်မုန့်၊ whole grain စတာမျိုး စားပေးသင့်ပါတယ်...။ ဒါ့အပြင် သစ်သီးဖျော်ရည်သောက်တာထက် သစ်သီးစားတာက အမျှင်ဓာတ်ပိုရစေတာကြောင့် သစ်သီးကိုပိုစားဖို့ အကြံပြုချင်ပါတယ်...။ တချို့ကလည်း ကစီဓာတ်အတွက် အာလူးစားကြပါတယ်...။ ဒါပေမယ့် အာလူးထက် ပဲတောင့်ရှည်၊ ပဲတွေက ပိုကောင်းတဲ့ကာဗိုဟိုက်ဒရိတ်အပြင် အသားဓာတ်ပါ ပေးနိုင်ပါတယ်...။ အသီးအရွက်တွေစားတဲ့အခါ သကြားတွေမထည့်ဘဲ ချက်ပြုတ်စားသောက်စေချင်ပါတယ်...။ အသီးအနှံတွေမှာလည်း အချိုကဲလေ ကယ်လိုရီများလေဖြစ်ပါတယ်...။

Photo credit pngtree

ဒါကြောင့် ရေများများသောက်ပြီး အမျှင်ဓာတ်ပါ စားပေးရင်တော့ ကယ်လိုရီကို လျော့စေပါလိမ့်မယ်...။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသောက်တဲ့အခါ အဆီလျော့ထားတဲ့ Low Fat တွေကို ရွေးချယ်သင့်ပါတယ်...။ ဒါမှသာ ပြည့်ဝဆီနဲ့ ကယ်လိုရီတွေကို ရှောင်နိုင်မှာဖြစ်ပါတယ်။ မြေပဲ၊ ပဲအမျိုးမျိုးဟာ အဆီနည်းပြီး ဖော်လစ်အက်စစ်၊ ပိုတက်စီယမ်၊ သံဓာတ်၊မဂ္ဂနီစီယမ်တွေအပြင် ကောင်းတဲ့အဆီနဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်...။ အသားတွေကို စားသလို ပြည့်ဝဆီနဲ့ ကိုလက်စထရော မတက်စေဘဲ ပရိုတင်းဓာတ်ကို ရစေတာကြောင့် ကျန်းမာရေးအတွက် အင်မတန် ကောင်းမွန်တဲ့ အစားစာဖြစ်ပါတယ်...။ သကြားတွေ၊ မုန့်အချိုတွေ၊ ကိတ်တွေ၊ အချိုရည်တွေမှာ ပါတဲ့ ကာဗိုဟိုက်ဒရိတ်ကမှသာ လျော့စားပေးရမှာ ဖြစ်ပြီး အသီးအနှံတွေကရတဲ့ ကာဗိုဟိုက်ဒရိတ်ကတော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အတွက် ဂရုတစိုက်စားပေးရမှာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "ကာဗိုဟိုဒရိတ်တွေကို ရှောင်ရမှာလား" ဆိုတဲ့ ကျန်းမာရေးဆောင်းပါးမှ လူ့ခန္ဓာကိုယ်အတွက် ရောဂါကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်ထိန်းညှိပေးခြင်းစတဲ့ ကာဗိုဟိုက်ဒရိတ်ရဲ့ အကျိုးကျေးဇူးများကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။