စမတ်ဖုန်းတစ်လုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ကျွမ်းကျင်နားလည်သူ အများစုက စွမ်းဆောင်ရည် မြင့်မားစွာ ပါဝင်မှု နှုန်းကိုပဲ ဦးစားပေး ရွေးရွယ်လာကြပါတယ်။ စွမ်းဆောင်ရည်မြင့်မားစွာပါဝင်နေတဲ့ ကမ္ဘာ့ထိပ်တန်း Vivo V17 Pro ကို မြန်မာပြည် ဈေးကွက်အတွင်း မကြာခင် တရားဝင် မိတ်ဆက်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ ရင်ခုန်စိတ်လှုပ်ရှားစရာ အပြည့်နဲ့ စမတ်ဖုန်း လောကကို ဦးဆောင်နေတဲ့ Vivo V17 Pro မှာတော့ ကင်မရာ ၆ လုံးတောင် ထည့်သွင်း ထားပြီး ကမ္ဘာ့ ပထမဆုံးအနေနဲ့ pop-up selfie ကင်မရာကို ၂ လုံး ပါဝင်လာခဲ့ပြီး အဆိုပါ ကင်မရာ ၂ခုကြားမှာ အမှောင်ကို ထိုးထွင်းမြင်တွေ့နိုင်တဲ့ low selfie softlight ပါဝင်တာကြောင့် ညမှာလည်း ဓါတ်ပုံအလန်းလေးတွေ ရရှိနိုင်ပါတယ်။ ဖုန်းနောက်ကျောမှာလည်း အဆင့်မြင့်ဆုံး ရုပ်ထွက်ကြည်လင်တဲ့ 48MP Main Camera ၊ Zoom ချဲ့နိုင်မှု အားကောင်းသော 13MP Telephoto Camera ၊ ကမ္ဘာရှေ့ဆောင် AI Quad အစရှိတဲ့ ကင်မရာ ၄ လုံးကလည်း Vivo V17 Pro ရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။


Photo by Myanmarload

စမတ်ဖုန်းရဲ့ နောက်ထပ် စွမ်းဆောင်ရည် တစ်ခုဖြစ်တဲ့ CPU မှာတော့ 8GB RAM နဲ့ 128 GB ROM ပါဝင်တာဖြစ်ပြီး V ချစ်သူများ စောင့်စားရကျိုး နပ်ပြီဖြစ်တဲ့ Type C ကိုလည်း ထည့်သွင်းထားပါသေးတယ်နော်။ ဖုန်းခဏခဏ လွတ်ကျတဲ့ သူတွေအတွက်လည်း New Super AMOLED Display ကို နည်းပညာ မြင့်စွာ သုံးထားတဲ့အတွက် လေဒဏ်မိုးဒဏ် ပွန်းပဲ့ဒဏ် ကတော့ တကယ့်ကို အေးဆေးပါပဲ။ ပတ်ဝန်းကျင်က ပြောပြောနေကြတဲ့ ဘက်ထရီအားခံရဲ့လားဆိုတာ အတွက်လည်း 4100mAh နဲ့ အမြန်သွင်းစနစ် (Dual Engine Fast Charging) ဖြစ်တာမို့ ဒီအတွက်ကလည်း ဘာမှ ပူစရာ မရှိတော့ပါဘူး။

Photo by Myanmarload

ဖုန်းတစ်လုံးမှာ ဂိမ်းကစားလို့ရတယ်ဆိုတာ က သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် ဒီ Vivo V17 Pro မှာတော့ အထူးသီးသန့်အနေနဲ့ PUBG ဂိမ်ကစားတဲ့အခါ အသင်းဖော်တွေနဲ့ ဆက်သွယ်ပြောဆိုရင်း ဇာတ်ကောင်စကားသံ အမျိုးမျိုးကိုလည်း ရွေးချယ်နိုင်တာကြောင့် တကယ့် ရှယ် စမယ်ဖုန်းတစ်ခု ဆိုလည်း မမှားပါဘူး။ Wow … ဒီလောက်ကောင်းတဲ့ Vivo V17 Pro ရဲ့ ဈေးနှုန်းကတော့ ခန့်မှန်းချေ ၆သိန်းကျပ် ဝန်းကျင်လောက် ဖြစ်ပြီး Pre Order ကြိုတင် မှာယူမယ်ဆိုရင်လည်း Gift Box နဲ့ ကျောပိုးအိတ် တွေကို လက်ဆောင်ပေးဦးမှာပါ။ Vivo V17 Pro အရောင်လေးတွေကတော့ 3D-curved glass cover Crystal Black (အမည်းရောင်) Crystal Sky(အဖြူ အပြာ ရောင်ပြေး) စတဲ့ ချစ်စရာအရောင်နှစ်မျိုးရရှိမှာပါ ။ ဒီလောက်ကောင်းတဲ့ ဖုန်းတစ်လုံးကို Pre Order မှာယူရင်း လက်ဆောင်ရရှိနိုင်တဲ့ ဒီအခွင့်အရေးကို လက်မလွတ်ဘဲ အခုပဲ မှာလိုက်ကြရအောင်နော် …

Photo by Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။