စိတ်ကျရောဂါရှိတဲ့ လူတွေ လုပ်တတ်တဲ့ အမူအကျင့် ၆မျိုး

depression ဆိုတာလူတိုင်းဖြစ်နိုင်ပြီး တစ်ခါတစ်လေ ဖြစ်လို့ ဖြစ်နေမှန်းတောင် မသိနိုင်ပါဘူး။ သူ့ရဲ့လက္ခဏာတွေက သိပ်ပြီးသိသာ ထင်ရှားခြင်းမရှိဘဲ ကိုယ့်ကိုကိုယ် စိတ်ဓာတ်ကျလို့ကျနေမှန်းတောင် မသိနိုင်ပါဘူး။ ဒီတော့ ဒီအချက်အလက်လေးတွေ ဖတ်ကြည့်ပြီး ဆန်းစစ်ကြည့်လိုက်ရအောင် ။

အလွန်အကျွံစားခြင်း သို့မဟုတ် လျော့နည်းစွာစားခြင်း

လိုတာထက်ပိုစားတာ အကြောင်းအရင်း ၂ခုကြောင့်ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ဂရုမစိုက်တာနဲ့ စိတ်ကျရောဂါကြောင့်ဘဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျတဲ့လူအတွက် အစားအသောက်စားနေရတာ ပျော်ရွှင်မှုတစ်မျိုးဖြစ်ပြီး သူတို့တွေက လိုတာထက် ပိုစားတတ်ကြပါတယ်။ တစ်ချို့လူတွေအတွက်တော့ depression က စားသောက်ချင်စိတ်ကို လျော့နည်းစေပြီး နည်းနည်းဘဲစားတာလည်း ဖြစ်တတ်ပါတယ်။

(2)တခြားလူတွေကို ပိုမှီတွယ်တတ်ခြင်း

depress ဖြစ်တဲ့လူတွေက စိတ်ပိုင်းဆိုင်ရာပြသနာရှိတဲ့အတွက် သူတို့သံယောဇဉ်ရှိတဲ့လူတွေစီက အကူအညီပိုလိုတတ်ပါတယ်။ သူတို့ကိုနားလည်ပေးဖို့ လိုအပ်ပါတယ်။

(3) သူတို့တွေက စိတ်ဓာတ်ကျနေပုံပေါ်မှာ မဟုတ်ပါဘူး

media တွေမှာဖော်ပြသလို စိတ်ကျရောဂါရှိတဲ့လူတွေက အခန်းထဲက အခန်းပြင်မထွက်တဲ့ လူတွေမဟုတ်ပါဘူး။ သူတို့တွေက ပိုပြီးတော့တောင် မာကျောသလိုနေတတ်ကြပါတယ်။ သူတို့ကိုကြည့်ရင် သာမန်ထက်တောင်ပိုပြီး စိတ်ဓာတ်မာသလို ထင်နေရမှာပါ။

(4) စိတ်အပြောင်းအလဲမြန်ခြင်း

စိတ်အတက်အကျ မြန်ပြီး ပျော်လိုက် စိတ်ညစ်လိုက်နဲ့ ပြောင်းလဲနေတတ်ပါတယ်။

(5) စိတ်ထိခိုက်လွယ်ခြင်း

သာမန်လူအတွက် ဘာမှမဟုတ်တဲ့ ကိစ္စပေမဲ့ သူတို့အတွက်ကတော့ လျှောက်တွေး လျှောက်စဉ်းစားပြီး ဘာမှမဟုတ်တဲ့ ကိစ္စလေးလည်း ပုံကြီးချဲ့တတ်ကြပါတယ်။

(6) အမြဲတမ်း ပင်ပန်းတယ်လို့ ငြီးငြူနေတတ်ပါတယ်။

စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ခုက ပင်ပန်းပြီး ငြီးငြူနေတတ်တာပါ။ ညဘက်အကြာကြီး အိပ်ထားပင်မဲ့လည်း မနက်ရောက်ရင် အိပ်ရေးမဝသလို ခံစားတတ်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။