Ruby ဆိုတဲ့ကောင်မလေးဟာဆိုရင်တော့ အရွယ်နဲ့မလိုက်အောက် လက်နက်ကြီးတစ်ခုကိုင်ထားတဲ့ Fighter မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ Late Game ကျသတ်ရခတ်ပြီး သတ်ဖို့မလွယ်တဲ့ Fighter မလေးပါပဲ။ သူရဲ့Damageကအများကြီးထွက်မနေပေမဲ့ သူရဲ့ Skill တွေက သူမကိုလဲ သတ်ရခတ်အောင်လုပ်ပေးပြီး အသင်းအတွက်လဲ ရန်သူကို သတ်ရလွယ်အောင် လုပ်ပေးပါတယ်။ Fighter အနေနဲ့ဖြစ်ဖြစ် Tank အနေနဲ့ဖြစ်ဖြစ် ဆော့လို့ရပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Skill 1 ကတော့ သူရဲ့တံစဉ်းကို ရွှေသို့ဝှေယှမ်းကာ လှိုင်းတစ်ခုထွက်ပြီး Damage ထိစေမှာဖြစ်ပါတယ်။ Skill 2ကတော့ သူရဲ့တံစဉ်းကို နှစ်ခါလွဲမှာဖြစ်ပြီး သူ့ဆီကိုဆွဲခေါ်ကာ Damage ထိစေမှာပါ။ အတွင်းထဲမှာရှိသူတွေကို ဝ.၅ စက္ကန့် ကြာ Stun စေမှာဖြစ်ပြီး အပြင်မှာရှိတဲ့သူတွေကိုတော့ Damage ၂၀ရာခိုင်နှုန်းပိုထိပါတယ်။ Ultimate ကတော့ သူရဲ့တံစဉ်းနဲ ရန်သူတွေကို လှမ်းဆွဲမှာဖြစ်ပြီး ဝ.၅စက္ကန့်ကြာ Stun စေကာ Damage လဲထိစေပါတယ်။   

Photo Credit : Screenshot From Mobile Legends Game
Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ သူမဟာ ကိုယ်ပိုင် Physical Lifesteal ၅ရာခိုင်နှုန်းရှိပါတယ်။ Basic Attackမှာမရှိပေမဲ့ သူရဲ့ Skill နဲ့ Item မှာ ၁၂၅ရာခိုင်နှုန်းရှိပါတယ်။ Skill တစ်ခါသုံးပြီးတိုင်း တစ်နေရာကို ခုန်နိုင်ပြီး Defense ၁၆ တိုးသွားမှာဖြစ်ပါတယ်။ Battle ဆိုင်နေကြပြီးဆိုရင် ကိုယ်တာဝါနဲ့နီးနေရင် ရန်သူတွေအားလုံးကို မှီသလောက် မီသလောက် Ulti သုံးပြီးဆွဲနေချိန် Flicker နဲ့တာဝါထဲဆွဲခေါ်လိုက်ပါ။ အဲ့နောက်မှာ Skill 2 သုံးပြီး ရန်သူတွေကိုဆွဲထားပါ...ပြီးရင် Skill 1 သုံးလိုက်ပါ။ ကိုယ့်တာဝါနဲ့မနီးဘူး မရှိဘူးဆိုရင်လဲ အဲ့နည်းအတိုင်းသုံးပါ။ Flickerကတော့ လိုမှသုံးပေါ့...Emblem နဲ့ Item ကို Global 1 ရဲ့ဟာတွေဖော်ပြပေးလိုက်ပါတယ်။   

Photo Credit : Screenshot From Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။