Terizla ကတော့ ပရိသတ်တွေသိတဲ့အတိုင်း Early Game မှာတော်တော်လေးကို Damage ပြင်းတဲ့ Hero တစ်ယောက်ပဲဖြစ်ပါတယ်။ သူရဲ့ Skill 1 ဖြစ်တဲ့ တူကြီးကို လွဲပြီး ထူးနေတာက တစ်ဖက်က ရန်သူ mage တွေ mm တွေကို အလွယ်တကူထူးသတ်လို့ရပါတယ်။ တော်တော်လေးကို Damage ပြင်းပေမဲ့ သူရဲ့ Attack Speed ကတော့ ဘယ်လို့မှ တိုးလို့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့လဲ Battle မှာ အသုံးဝင်တဲ့ Hero တစ်ယောက်ဖြစ်ပါတယ်။ အောက်မှာတော့ သူရဲ့ Skill ရှင်းလင်းချက်အနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်။   

Photo Credit : Screenshot From Mobile Legends Game

Skill 1ကတော့အကြောင်းတစ်ခုကိုပစ်လိုက်မှာဖြစ်ပြီး Damage ထိစေကာ သူရဲ့အမြန်နှုန်းကလဲ ၃စက္ကန့်ကြာ ၂၅ရာခိုင်နှုန်းမြန်ပါတယ်။ ပထမဆုံးထိတဲ့သူဟာ မှော်တစ်ခုချုပ်တာခံရမှာဖြစ်ပြီး ပေါက်ကွဲသွားရင် Damage ထပ်ထိမှာဖြစ်ပါတယ်။ Skill 2ကတော့ သတ်မှတ်နေရာကို သူရဲ့တူကြီးနဲ့ ၃ချက်လွဲမှာဖြစ်ပြီး နောက်ဆုံးတစ်ချက်က Damage ပိုထိကာ ၁၅ရာခိုင်နှုန်းနှေးစေပါတယ်။ Ulti ကတော့ သတ်မှတ်ထားတဲ့နေရာကို ထုချလိုက်ပြီး ရန်သူတွေကို Damage ထိစေကာ ၅၅ရာခိုင်နှုန်းနှေးစေပါတယ်။ အဲ့အပြင်ငြမ်းတစ်ခုပေါ်လာမှာဖြစ်ပြီး ထုလိုထိသွားတဲ့ ရန်သူတွေကို ဆွဲခေါ်နေမှာဖြစ်ပြီး Damage ထိစေပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ သူဆုံးရှုံးသွားတဲ့ သွေး ၂ရာခိုင်နှုန်းတိုင်းက သူ့ကို ၁ရာခိုင်နှုန်း Damage လျှော့ချပေးပါတယ်။ ဒါကြောင့် သူဟာသွေးနည်းလေ မာလေပဲဖြစ်ပါတယ်။ Battle ဆိုင်ပြီဆိုရင်တော့ Ulti ကိုရန်သူတွေကိုထိအောင်သုံးပြီး ချုပ်ထားကာ Skill 2 သုံးပါ။ ကိုယ်ရဲ့ရွှေ့လျားနှုန်းမြန်အောင်လိုပေါ့။ အဲ့နောက်မှာတော့ Skill 1 နဲ့လွဲပြီး ထုသတ်ပါ....အဲ့လိုပုံစံက Battle မှာအဆင်ပြေစေပါတယ်။ Emblem နဲ့ Item တွေကတော့ Global 1 ဟာတွေဖော်ပြပေးလိုကပါတယ်။   

Photo Credit : Screenshot From Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။