စမတ်ဖုန်းတွေက ထူးခြားဆန်းသစ်မှုတွေနဲ့ ဖုန်းလောကကို ဝင်ရောက်လာကြပေမဲ့ Vivo V17Pro ကတော့ အဲဒီထူးခြားမှုဆိုတာထက်ကို ပိုသာလွန်ကောင်းမွန်မှုကို ဖော်ဆောင်ပြီး Vivo ချစ်သူတွေအတွက် ရောက်ရှိလို့ လာခဲ့ ပါပြီး။ဂုဏ်ယူစရာတွေနဲ့ အမြဲတမ်းပြည့်နေတဲ့ Vivo ကတော့ ခုတစ်ခေါက်မှာလည်း Vivo V17Pro ကမ္ဘာ့ ပထမဆုံး Dual Pop-up Selfie camera ကို ထည့်သွင်းအသုံးပြုလိုက်ပါပြီ။ First Sale မှာတောင် လူငယ်တွေအကြားရေပန်းစားနေခဲ့ပြီး ကျောဘက်မှာတော့ 48 MP ကင်မရာလေးလုံးတောင် ပါတယ်လို့ သိရပါ တယ်။ 

ပေါ့ပါးသစ်လွင်နေတဲ့ V17 Pro မှာ ကင်မရာအပိုင်းအနေနဲ့ နောက်ထပ်ထူးခြားတဲ့ Function ၂ မျိုးပါရှိပြီး Portrait Mode အနေနဲ့ Posture & Slim ပါဝင်ထားပါတယ်။ ဒီ နှစ်မျိုးကတော့ လှပမှုအပေါင်း သရဖူးဆောင်မယ့် မိန်းကလေးတွေ အတွက် အရမ်းကို အသုံးတည့်တယ်ဆိုတာ သုံးဖူးမှ သိကြမှာပါ။ဓာတ်ပုံနဲ့ အားမရသေးရင်လည်း Category အမျိုးမျိုးနဲ့ စိတ်ကြိုက်ရိုက်ပေးမယ့် video function တွေလည်း ပါဝင်လာ ပါသေးတယ်။ ရုပ်ထွက်ကိုတော့ တစ်ချက်ချိုးဆိုတဲ့ အတိုင်း Super AMOLED FHD+ Ultra FullView နဲ့ အလင်းပေးကောင်းမွန်မှုကတော့ 409 ppi ကိုထည့်သွင်းထားပါတယ်။ 

မျက်နှာပြင်ကို 20:9 Aspect Ratio ပါဝင်ထားတယ် Type C အမျိုးအစားဖြစ်ပြီး Pop-Up Camera ၊ နားကျပ်ပေါက် မိုက်ခရိုဖုန်း တို့ကတော့ ဖုန်းရဲ့အပေါ်ပိုင်းမှာ ပါရှိထားပါတယ်။RAM 8GB ၊ Build-in storage က 128GB တောင်ပါတယ် ဆိုတော့ SD Card တောင် ထပ်စိုက်စရာ မလိုတော့ပါဘူး။ Gamer သမားတွေ အတွက် ကတော့ Multi-Turbo Tech ၊ နဲ့ ကစားရင်း နဲ့ ဖုန်းအပူချိန်ကို ကြည့်လို့ရတဲ့ Game Center တွေကို လည်း ထည့်ပေးထားပါတယ်။ဘတ်ထရီ 4100 mAh ပါဝင်ပြီး 18W Fast Charging က ထောက်ပံ့ထားပါသေးတယ်။ တစ်နေ့ကို တစ်နာရီခွဲ အားသွင်းထားရုံးနဲ့ တစ်နေ့လုံးစိတ်ကြိုက်သုံးနိုင်မယ့် အနေထားကိုရရှိစေမှာပါ။ ဈေးနှုန်းကတော့ ၆၂၉၈၀၀ ကျပ်ဖြစ်ပြီး Vivo V17Pro က upper mid-range အမျိုးအစားဖြစ်ကြောင်းကိုတော့ ပြောပြလိုက်ရ ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။