Bane ဟာဆိုရင်တော့ ခုချိန်မှာ အရင်က Bane နဲ့မတူတော့တာကို ပရိသတ်ကြီး သိကြမှာပါ။ တော်တော်လေးကို ပြောင်းလဲသွားတယ်ဆိုတာ အသိအသာကြီးပါပဲ။ ပြီးတော့လဲ သူဟာဆိုရင် Mobile Legends Skin တွေထဲမှာ ဈေးအကြီးဆုံး Skin ကိုပိုင်ဆိုင်ထားတဲ့ Hero တစ်ကောင်ပဲဖြစ်ပါတယ်။ သူလောက် ဘယ်Hero Skin ကမှ ဈေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ ခုချိန်မှာတော့ သူရဲ့အကြောင်းတချို့ကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။  

Photo Credit: Screenshot from Mobile Legends Game

Skill 1 ကတော့ ရန်သူဆိကို အမြောက်ပစ်လိုက်တာဖြစ်ပြီး ပထမဆုံးထိတဲ့သူနောက်မှာ နောက်ထပ်သူတွေရှိသေးရင်ထပ်ထိကာ ပိုမို Damage ထိစေပါတယ်။ Skill 2 ကတော့ Rum ကိုသောက်လိုက်တာဖြစ်ပြီး သွေး ၂၆၀ ကိုပြန်ဖြည့်ပေးပြီး ၃၀ရာခိုင်နှုန်း ရွှေ့လျားနှုန်း မြန်သွားစေပါတယ်။ အဲ့နောက်ထပ်သုံးလိုက်မယ်ဆိုရင်တော့ အရှေ့ကိုယပ်တောက်ပုံစံ တွေးထုတ်လိုက်မှာဖြစ်ပါတယ်။ ကြာကြာငုံထားလေ ပိုDamage ပြင်းလေဖြစ်ပါတယ်။ Ulti ကတော့ သူရဲ့အရှေ့ကို ငါးမာန် ၃ကောင်လွှတ်လိုက်တာဖြစ်ပြီး အဲ့ငါးမာန်တွေနဲ့အတူ ရန်သူ Hero တွေလဲ ပါသွားပါတယ်။ ရွှေ့လျားနှုန်း ၄၀ရာခိုင်နှုန်း နဲ့ တိုက်ခိုက်နှုန်း ၅၀ ရာခိုင်နှုန်း လျော့ပေးကာ ၃စက္ကန့်ကြာပါတယ်။ Turret တွေကို Damage 40ရာခိုင်နှုန်း ထိစေပါတယ်။ Damage တော်တော်ထိစေတာမို့ သေသေချာချာ ထိအောင်တော့သုံးရပါမယ်။  

Photo Credit: Screenshot from Mobile Legends Game

Passive ကတော့ သူရဲ့ ဓားကိုဝှေ့ပက်လိုက်တာဖြစ်ပြီး အဲ့ပတ်ပတ်လည်ရှိသမျှ ရန်သူတွေကို Damage ထိစေပါတယ်။ Damage ဟာ သူရဲ့ Basic Attack နဲ့ Item တွေနဲ့လဲ ပေါင်းစပ်ပါတယ်။ Battle ထဲဝင်ပြီဆိုရင်တော့ Skill 2 သုံးပြီးသွားကာ Skill 1 ပစ်ပြီး Skill 2 ကိုထပ်နှိပ်လိုက်ပါ။ အဲ့နောက်မှာတော့ Passive ရအောင် Basic Attack နဲ့ခုတ်ပြီး Ulti ကိုသုံးလိုက်ပါ။ သူရဲ့ Passive Damage က တော်တော်လေးကို ပြင်းပါတယ်။ အဲ့အပြင် Passive က သူရဲ့ပတ်ပတ်လည်ကိုထိစေတာဆိုတော့ အရမ်းအသုံးဝင်ပါတယ်။ Emblem နဲ့ Item တွေကိုတော့ Global 1 ကသူတွေရဲ့ဟာကို အောက်မှာဖော်ပြထားပါတယ်။

Photo Credit: Screenshot from Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။