ML ထဲမှာ AOE ကျယ်ပြီး ရန်သူတွေကို ကားတစ်ချက်တိုက်လိုက်တာနဲ့ သေစေနိုင်တဲ့ Mage တွေထဲက တစ်ယောက်ဖြစ်တဲ့ Odette ကိုပရိသတ်ကြီးလဲ သိကြမှာပါ။ မိန်းကလေးလဲဆန်ပြီး အသံလဲချိုတဲ့ သူမဟာဆိုရင်တော့ Johnson Ulti နဲ့ပေါင်းရင် တော်တော်လေးကို အသင်းအတွက် Battle နိုင်ချေများပါတယ်။ ယနေ့တိုင် Johnson အသင်းမှာပါရင် Odette ကိုင်ဖို့ အကြံပေးကြသလို Odette ကိုင်ကြတဲ့သူတွေရှိတုန်းပါပဲ။ Johnson မပါလဲ သူမတစ်ယောက်ထဲလဲ ဖြစ်ပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

Skill 1ကတော့ ငန်းအရိပ်တစ်ခုကို ပစ်လိုက်တာဖြစ်ပြီး Magic Damage ထိစေကာ ၂စက္ကန့်ကြာ ၇၀ရာခိုင်နှုန်း ရန်သူတွေကို နှေးစေပါတယ်။ Skill 2 ကတော့ အရှေ့ကို Magic Ball လေးနှစ်ခုပစ်လိုက်တာဖြစ်ပြီး ထိသွားရင် ၂စက္ကန့်လောက် အချုပ်ခံရမှာဖြစ်ပြီး အဲ့အလုံးက ဘယ်သူမှ မထိပဲ ဆက်သွားပါက သတ်မှတ်နေရာရောက်ရင် နှစ်ခုကွဲက ဘယ်တစ်ဖက် ညာတစ်ဖက်ကို အလုံးလေးတွေထွက်သွားမှာဖြစ်ပြီး အဲ့အလုံးထိရန်သူက အချုပ်ခံရပါမယ်။ Ultimate ကတော့ သံစဉ်စက်ကွင်းကြီးတစ်ခုကိုဖန်းတီးလိုက်ပြီး အဲ့ကွင်းထဲမှာရှိတဲ့သူတွေက Magic Damage ဆက်တိုက်ထိမှာဖြစ်ပြီး ၂စက္ကန့်လောက်နှေးနေမှာပါ။ သူ့ကိုလာထိတဲ့ Damage တွေကိုလဲ ၃၀ရာခိုင်နှုန်းလျော့ပေးပါတယ်။ အဲ့ဟာသုံးနေချိန်မှာ မလှုပ်မိစေဖို့တော့လိုပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

Passive ကတော့ Skill တစ်ခုသုံးပြီးတိုင်း သူရဲ့ Basic Attack ဖြစ်ဖြစ် Skill ဖြစ်ဖြစ် သုံးလိုက်ပါက သံစဉ်လေးတွေထွက်သွားမှာဖြစ်ပြီး တစ်ချက်ချင်းစီ ဆင့်ကူးကာ Magic Damage ထိစေမှာပါ။ Battle ဆိုင်ပြီးဆိုရင်တော့ Johnson ပါရင် ကားတိုက်တာနဲ့ Ulti တန်းဖွင့်လိုက်ရုံပါပဲ။ ကျန်တဲ့ Spell တွေကတော့ ကိုယ့်အနေနဲ့ ဘာကိုသုံးရမလဲဆိုတာကို ချင့်ချိန်ပြီး သုံးရုံပါပဲ။ Johnson မပါပဲ တစ်ယောက်ထဲ ဆိုရင်တော့ ခြုံးပုတ်ထဲမှာနေပြီး ရန်သူတွေလာနေပြီးဆိုတာနဲ့ Ulti ဖွင့်လိုက်ရုံပါပဲ။ သူမရဲ့ Ulti က သူမအတွက် အချက်ကျတာပေါ့။ Emblem တွေကတော့ Global 1 ရဲ့ Item တွေကိုပဲ ဖော်ပြပေးလိုက်ပါတယ်။  

Photo Credit: Screenshot from Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။