ပရိသတ်ကြီးလဲ သိတဲ့အတိုင်း Mobile Legends ထဲမှာဆိုရင် နံရံနဲ့ကောင်းကျိုးပေးတဲ့ Hero နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က Marksman ဖြစ်တဲ့ Moskov ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Fighter ဖြစ်တဲ့ Badang ပဲဖြစ်ပါတယ်။ ခုပြောသွားမှာတော့ Badang အကြောင်းပဲဖြစ်ကာ သူဟာဆိုရင် နံရံနဲရန်သူကို ထိအောင်ထိုးနိုင်ရင် သူ့အတွက်နိုင်ဖို့ များနေပါပြီး။ ခံစစ်ရော် တိုက်စစ်ရော် ပြုလုပ်နိုင်တဲ့ Heroပါပဲ။ 

Photo Credit: Screenshot from Mobile Legends Game

Skill 1 ကတော့ သူရဲ့လက်သီးမှာ အားတွေစုလိုက်ပြီးနောက် လက်သီးလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်တာပဲဖြစ်ကာ လမ်းတလျှောက်မှာရှိတဲ့ သူတွေကို Damage ထိစေပြီး ၅၀ရာခိုင်နှုန်းနှေးစေပါတယ်။ တကယ်လို့အဲ့လှိုင်းတွေက အတာအဆီးတွေနဲ့ထိမယ်ဆိုရင် အဲ့လှိုင်းကပေါက်ကွဲပြီးတော့ အပို Damage ထိစေမှာဖြစ်ပါတယ်။ Skill 2ကတော့ သတ်မှတ်နေရာကို သွားရောက်ပြီးတော့ အဲ့သွားနေတဲ့လမ်းမှာ ထိထဲရန်သူက နောက်ကိုရောက်သွားပြီး Damage ထိစေကာ အတာအဆီးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အဲ့အတားအဆီးက ၄စက္ကန့်ကြာကာ အချိန်မပြည့်ခင် ထပ်နှိပ်ရင်တော့ ပျောက်သွားမှာဖြစ်ပါတယ်။

Photo Credit: Screenshot from Mobile Legends Game

Ulti ကတော့ မရပ်မနားလက်သီးတွေ ထိုးနေမှာဖြစ်ပြီး တော်တော် Damage များများထိစေမှာဖြစ်ပါတယ်။ Passive ကတော့ ၄ချက်ထိုးပြီးတိုင်း ရန်သူကို နောက်ဆုတ်စေပြီး အပို Damage ထိစေကာ အဲံရန်သူက နံရံနဲပထိပါက ဝ.၈စက္ကန့်ကြာ မူးစေပါမယ်။ Battle ဆိုင်ပြီးဆိုရင်တော့ Skill 2နဲ့ အရှေ့ကိုတိုးကာ ရန်သူကိူထိအောင်လုပ်ပါ။ အဲ့နောက်မှာတော့ Skill 1နဲ့ Knock အောင်ပြုလုပ်ပြီး Ulti သုံးပါ အကုန်မသေရင်တောင် သွေးလေးတွေက ကိုယ့်ဘက်ကသူတွေ အလွယ်တကူသတ်လို့ရတဲ့ သွေးတွေပဲဖြစ်ပါတယ်။ Admin အတွက်ကတော့ Ulti သုံးလို့ကြားရတဲ့အသံက အရမ်းနားထောင်လို့ကောင်းပါတယ်။ Emblem တွေကိုတော့ Global 1 နဲ့ပဲဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။