TI 9 ပြီးဆုံးပြီးမှ Keen Gaming ကိုပြောင်းရွှေ့သွားတဲ့ Mushi ကတော့ လက်ရှိအချိန်မှာ Dota 2 Pro Scene ကနေ အနားယူသွားခဲ့ပြီပဲဖြစ်ပါတယ်။

အနားယူသွားတယ်ဆိုပေမယ့် လုံးဝထွက်ခွာသွားတာမျိုးမဟုတ်ဘဲ အချိန်အတိုင်းအတာတခုအထိသာ Mushi ဟာ အနားယူသွားမှာပဲဖြစ်ပါတယ်။

အရင်က carry player ဖြစ်တဲ့ Mushi ဟာ Keen Gaming မှာ Po 5 ပြောင်းကစားမှာဖြစ်တာကြောင့် သူ့ရဲ့ Performance တွေကို မြင်တွေ့ချင်ပေမယ့်လည်း အနားယူသွားတာကြောင့် မမြင်တွေ့နိုင်သေးပါဘူး။

Keen Gaming အနေနဲ့လည်း Mishi အနားယူသွားတာကြောင့် လစ်လပ်သွားတဲ့နေရာအတွက် Keen Gaming.Luminous က offlane player ဖြစ်သူ Xiaofu ကိုခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် Keen Gaming မှာက Offlane player Dark ကရှိပီးသားဖြစ်တာကြောင့် xiaofu ဟာ po 4 နေရာကို ပြောင်းလဲဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် အရင်က po 4 ဆော့ခဲ့တဲ့ 天命 ကလည်း Mushi အစား po 5 နေရာကိုပြောင်းလဲဆော့ကစားသွားမှာပါ။

လက်ရှိ Keen Gaming ရဲ့ roster အပြည့်အစုံကတော့

Po 1 – Kamma

Po 2 - 一

Po 3 – dark

Po 4 – xiaofu

Po 5 - 天命 တို့ပဲဖြစ်ပါတယ်။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။