ပရိသတ်ကြီးကို အခုတစ်ခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာကြီးပေါ်မှာ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲမှုတွေများစွာရှိတဲ့ အထဲမှာမှ မျက်လုံးတက်တူးထိုးခြင်းဟာလည်း အထူးအဆန်းတစ်ခုအဖြစ်ပါဝင်လာခဲ့ပါတယ်။ အခုလို မျက်လုံးတက်တူးထိုးခြင်းကို ဒီဘက်ခေတ်မှာ sclera tattoo လို့လည်းခေါ်ကြပါသေးတယ်။ ဒီတစ်ခါပြောပြပေးချင်တာကတော့ မျက်လုံးတက်တူးထိုးခြင်းရဲ့ အကျိုးရလဒ်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

တက်တူးထိုးခြင်းဟာ ယခင်ကလို မကောင်းတဲ့အရာမဟုတ်မှန်း လူအတော်များများက လက်ခံလာကြပြီးနောက် တက်တူးယဉ်ကျေးမှုဟာ ပြန်လည်ခေတ်စားလာခဲ့ပါတယ်။ အသားအရည်ပေါ်မှာ ပန်းချီရေးဆွဲခြင်းလို့တောင် တင်စားခံရတဲ့ တက်တူးအနုပညာကို လူကြီးလူငယ်အတော်များများက နှစ်သက်သဘောကျကြပါတယ်။ ဒီနေရာမှာ နောက်ထပ် ရေပန်းစားလာတဲ့အရာကတော့ မျက်လုံးအတွင်းပိုင်းအသားကို တက်တူးထိုးခြင်းပဲ ဖြစ်ပါတယ် ။ဒီလိုမျိုးထိုးတာဟာ တော်ရုံလူတွေ မလုပ်ရဲတဲ့ ကိစ္စလို့တောင်ပြောလို့ရပါတယ်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

အမေရိကန်နိုင်ငံမှာတော့ တက်တူးဆရာတွေဟာ အခုလို မျက်လုံးထိုးဖို့လာတဲ့ ဖောက်သည်တွေကို ပြီးစလွယ်ထိုးပေးတာမျိုး မဟုတ်ပဲ သေချာစဉ်းစားပြီးမှ ထိုးသင့်တယ်လို့ အကြံပေးတာမျိုးတွေရှိပါတယ်။ ဒါ့အပြင် ဒီလိုမျက်လုံးတက်တူးထိုးခြင်းရဲ့ အကျိုးဆက်တွေ ဖြစ်တဲ့ မျက်လုံးအတွင်းပိုင်းရောင်ယမ်းတာမျိုးတွေကို ကာလရှည်ကြာခံစားနိုင်ရနိုင်တာကိုပါ ထည့်သွင်းရှင်းပြပေးပြီး ဖောက်သည်က တစ်ကယ်ထိုးချင်ပါတယ်ဆိုမှ အလုပ်လက်ခံတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်းမှာ ရူးသွပ်တဲ့ အရာတစ်ခုချင်းစီရှိပေမယ့်လည်း မိမိရူးသွပ်တဲ့ အရာတစ်ခုအပေါ်မှာ တန်ဆေးလွန်ဘေးမလုပ်သင့်ဖို့တော့ အကြံပေးလိုက်ရပါတယ်ခင်ဗျာ။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

Photo Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။