ဖလော်ရီဒါ Aucilla တွင် အမဲရောင် တွင်းနက်ကြီး တစ်ခု ရှိပါပြီး ၎င်းတွင်းကြီး ထဲ ဘယ်သူမှ မဆင်းရဲပါဘူး။ နှစ်ပရိစ္ဆေတ အလွန်ကြာပြီ ဖြစ်တဲ့ တွင်း နက်ထဲမှာ အမျိုးအမည် မသိတဲ့ သတ္တဝါ ၊ ဓာတ်ငွေ့ တွေရှိတတ်ပြီး လူ့အသက် အန္တရာယ် စိုးရိမ်ရသောကြောင့် မဆင်းကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖလော်ရီဒါ တက္ကသိုလ်မှ ပရော်ဖက်ဆာ Jessi Halligan သည် အသက်နှင့်ရင်း ကာ ကိရိယာ တန်ဆာပလာ များဖြင့် တွင်းကြီး ထဲကို သုသေ သနဆင်းလုပ်ရာ လွန်ခဲ့သော နှစ်ပေါင်း 14000ခန့်က လူများသည် ဆင်ကို ကျုံး သွင်းပြီး ဖမ်း သည့် တွင်းကြီး ဖြစ်နေတာ တွေခဲ့ရပြီး (mastodon tusks ) ဆင်ကြီးများ ရုပ်ကြွင်းနှင့် လူ့အသုံး အဆောင် ပစ္စည်းများတွေ့ခဲ့ရပါတယ်။

Photo Credit : Once A Glance Page

အင်္ဂလန်မှာ ရုပ်ထုတစ်ခု၏ ဦးခေါင်း တစ်လုံးကို ပြန်လည်ရှာ တွေ့ ခဲ့သော်လည်း ဘာကြီးမှန်းမသိပါဘူး။ သမိုင်းပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေဟာ ဒီဦးခေါင်းကြီးဟာ ဘာမှန်းသေချာသိအောင်လို့ အချိန်တစ်ခုကြာအောင် လေ့လာခဲ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ အဖြေထွက်ရှိခဲ့ပြီး ပေါင် ၃၅၀ ခန့်လေးတဲ့ ဒီရုပ်ထုဦးခေါင်းဟာ ရောမအင်ပါယာ Trajan ရုပ်တု ဦးခေါင်း ဖြစ်မှန်းသိခဲ့ ရပြီး ( ရောမ-ဗြိတိန် )=အင်္ဂလန် သမိုင်းအမွေ အနှစ် တစ်ခုဖြစ်မှန်း သိခဲ့ရပါတယ်။

Photo Credit : Once A Glance Page

ချီလီ Atacama သဲကန္တာရ မှာ ဝေလငါးတွေရဲ့ အရိုးသင်္ချိုင်းကို တွေ့ခဲ့ ရသောကြောင့် ဝေလငါးတွေ အစုလိုက် အပြုံ လိုက် လာရောက် သတ်သေကြတယ်လို့ ရှေးခေတ် ပညာရှင်များ သုံးသပ် ကြပါတယ်။. ယနေ့ခေတ် သုသေသနပညာရှင်တို့ တွေ့ရှိချက်ကတော့ အရင်ခေတ်က ပြောဆိုမှုတွေနဲ့ ပြောင်းပြန်ဖြစ်နေပြီး လွန် ခဲ့သည့် နှစ်ပေါင်း 20000 လောက်က ပင်လယ်ရေပြင်ဖြစ်ခဲ့ သော ထိုသဲကန္တာရမှာ ပေါက်ရောက်တဲ့ အဆိပ်ပင် algae ရေညှိတွေကြောင့် ဝေလငါး တွေ အဆိပ်သင့် သေဆုံးကြတယ်လို့ ကောက်ချက်ချကြပါတယ်။

Photo Credit : Once A Glance Page

Source : Once A Glance Page

Photo Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။