ပရိသတ်ကြီးရေ.....ဒီတစ်ခါမှာ နှစ်ပေါင်း ၈၀ အတွင်း အပြင်းထန်ဆုံးငလျင် အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်...။ ၂၀၁၅ ခုနှစ်၊ဧပြီလ ၂၅ ရက်နေ့ နီပေါ စံတော်ချိန် နံနက် ၁၁ နာရီကျော် အချိန်တွင် နီပေါ နိုင်ငံ မြို့တော် ခတ္တမန္ဒူ သည် ပူအိုက်သော ရာသီဥတုအောက်ဝယ် ဆူညံလှုပ်ရှားနေပါတယ်...။ မြို့တော် လမ်းမများတွင် ရည်ရွယ်ချက်မျိုးစုံဖြင့် သွားလာနေကြ သော လူများ၊ မော်တော်ယာဉ် များဖြင့် စည်ကား နေချိန်လည်းဖြစ်ပါတယ်...။ မြို့သူ မြို့သား အများစုသည် မိမိတို့ နားခိုရာ အိမ်များ၊ တိုက်ခန်းများ အတွင်း ရှိမနေကြဘဲ လမ်းများ၊ဈေးဆိုင်များ၊ ပန်းခြံများသို့ ရောက်ရှိနေကြပါတယ်...။ ရက်သတ္တပတ် ကုန်ဆုံးရက်ဖြစ် သဖြင့် ကျောင်းများပိတ်ထားသောကြောင့် ကလေးများသည် ကျောင်းများတွင် စုစည်းနေခြင်းမရှိပါဘူး...။

photo credit pngtree

မွန်းမတည့်မီ လေးမိနစ်အလို ၁၁ နာရီ ၅၆ မိနစ်တွင် ခတ္တမန္ဒူ တစ်မြို့လုံး ရုတ်တရက် အရှိန်ပြင်းစွာ လှုပ်ခါရမ်းသွားခြင်း နှင့် အတူ အဆောက်အဦ ပြိုကျသံများ၊ လူများ အော်ဟစ် ငိုယိုသံများက တစ်မြို့လုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်...။ အချိန်အား ဖြင့် စက္ကန့် နှစ်ဆယ်သာ ကြာခဲ့သော ပြင်းထန်သည့် လှုပ်ခါမှုက ခတ္တမန္ဒူ မြို့သူမြို့သားများအား ကြောက်ရွံ့ ထိတ်လန့်ခြင်းကြီးစွာဖြင့် လူနေမှု ဘဝများကို ပျက်စီးစေခဲ့ပါတယ်....။ ဧပြီ ၂၅ ရက်က လှုပ်သွားသော အင်အား ၈ ဒသမ ၁ ပြင်းအားရှိသည့် ဟိမဝန္တာ ငလျင်သည် နီပေါနိုင်ငံတွင် နှစ်ပေါင်း ၈၀ အတွင်း လှုပ်ခဲ့သော ငလျင်များအနက် အပြင်းထန်ဆုံး ဖြစ်ပါတယ်...။

photo credit pngtree

၁၉၃၄ ခုနှစ်တွင် နီပေါ ဘီဟာ ငလျင် လှုပ်ခတ်ခဲ့သည့် နောက် ပိုင်းတွင် ပြင်းအားအများဆုံးလှုပ်ခဲ့သော ငလျင်လည်းဖြစ်ပါတယ်...။ နီပေါ နိုင်ငံ လမ်ဂျွန်းမှ အရှေ့ နှင့် အရှေ့ တောင်ဘက် ၃၄ ကီလို မီတာ (၂၁ မိုင်) ရှိ ဘာပက်ကျေးရွာကို ဗဟိုပြုခဲ့ပြီး မြေလျင် ငလျင်ဗဟိုချက်သည် မြေပြင်မှ ၁၅ ကီလို မီတာ(၉ ဒသမ ၃ မိုင်) သာ နက်သည့် နေရာ ဖြစ်သောကြောင့် ငလျင်သည် နီပေါ ပြည်သူများအား အလွန်ကြီးမားစွာ ဒဏ်သင့်စေခဲ့ပါတယ်...။ ငလျင် ဗဟိုချက် နိမ့် သည့် အတွက် ငလျင်တုန်ခါမှုက အလွန်အားပြင်းခဲ့ပြီး ငလျင်ဒဏ်ကြောင့် လူပေါင်း တစ်သောင်းကျော် သေဆုံးကြမည်ဟု ခန့်မှန်းခဲ့ပါတယ်...။ နီပေါ ငလျင်သည် အိမ်နီးချင်းဒေသ များဖြစ်သည့်အိန္ဒိယ၊ တရုတ် ၊ ဘူတန် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကိုပါ အဖျားခတ်ခဲ့ပါတယ်...။ ငလျင် ဗဟိုချက်မှ မိုင် ၁၂၀၀ ကျော်ဝေး သည့် တရုတ် နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကပင် နီပေါငလျင်လှုပ်မှုကို သိရှိခံစားခဲ့ကြရပါတယ်...။ နီပေါ နိုင်ငံ အစိုးရက ငလျင်လှုပ် အပြီး သုံးရက်ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်ရက်များ အဖြစ် သတ်မှတ်ခဲ့ပါတယ်...။

source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။