ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ ယခုလက်တလောမှာ အနုပညာအလုပ်တွေကို နိုင်သလောက်လေးလုပ်ဆောင်နေပြီး ချစ်ပရိသတ်တွေနဲ့လည်းတွေ့ဆုံတဲ့ Fan Meeting ပွဲကိုလည်း မိသားစုတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်တက်ရောက်ခဲ့ပါသေးတယ်နော်။ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးနဲ့ အရမ်းချစ်တတ်တဲ့ခင်ပွန်းကိုပိုင်ဆိုင်ထားတာကြောင့် စမိုင်းလ်ကတော့ အမြဲစိတ်ချမ်းသာနေရတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

စမိုင်းလ်တို့မိသားစုတွေအကုန်လုံးက စိတ်သဘောထားပြည့်ဝကြပြီး ကုသိုလ်ကောင်းမှူတွေဆိုလည်း တတ်နိုင်သလောက်ကို အမြဲလုပ်ဆောင်နေကြတဲ့အပြင် အလှူအတန်းတွေလည်း မကြာခဏဆိုသလို သဒ္ဒါတရားထက်သန်စွာနဲ့ လှူဒါန်းနေတာဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုလေးကို ပရိသတ်တွေကလည်းအရမ်းချစ်ကြပြီး ရိုးရှင်းပွင့်လင်းလွန်းတဲ့စမိုင်းလ်ရဲ့စိတ်ထားလေးကိုလည်း ချီးကျူးကြပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

စမိုင်းလ်က ဘာသာရေးလည်းအရမ်းလိုက်စားတာကြောင့် လက်တလောမှာတော့နေ့တိုင်းမပျက်ကွက်ဘဲ အဓိဌာန်ဝင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း စမိုင်းလ်က မိသားစုနဲ့အတူတူ သန့်ရှင်းစင်ကြယ်တဲ့အဖြူရောင်ဝတ်စုံလေးတွေဝတ်ဆင်ထားပြီး "ကြာသပတေးနေ့ ဘုန်းကြီးကျောင်းသွားပုတီးစိတ်"ဆိုပြီး မိသားစုလိုက်ကုသိုလ်ယူခဲ့ကြတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

Photo Credit:စမိုင်းလ် Smile's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။