သရုပ်ဆောင်အဆိုတော်ရွှေထူးကတော့ လူငယ်တွေကြားမှာအချစ်သီချင်း၊အသည်းကွဲသီချင်းများနဲ့နာမည်ကြီးလာပြီး အခုဆိုရင်အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ်ပရိသတ်တွေရဲ့လက်ခံအားပေးခြင်းကိုရရှိထားတာဖြစ်ပါတယ်။ သူ့ရဲ့သီချင်းအများစုဟာ လူငယ်တွေရဲ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းလေးတွေ ဖြစ်တာကြောင့် နားထောင်ရသူတိုင်းကကြိုက်နှစ်သက်ကြပြီး ရွှေထူးဟာအခုဆိုရင် အဆိုဘက်တွင်သာမက သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်လျှက်ရှိပါတယ်။

Photo Credit- Htoo Khant's Facebook
Photo Credit- Htoo Khant's Facebook

ရွှေထူးဟာ ထိပ်တန်းမင်းသားမင်းသမီးများနဲ့အတူ ရုပ်ရှင်ဇာတ်ကားများကိုလည်းရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့လက်ခံအားပေးခြင်းကိုရရှိထားတာဖြစ်ပါတယ်။ ရွှေထူးဟာ အခုဆိုရင်သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပြီး ချစ်ဇနီးလေးရဲ့အလိုက်သိတတ်မှုလေးတွေကြောင့် ပျော်ရွှင်နေတာပါနော်။ရွှေရွှေတို့ စုံတွဲလေးကတော့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တတ်ချစ်တတ်လွန်းလို့ လူတိုင်းကအားကျနေရတဲ့အတွဲလေး ဖြစ်ပါတယ်နော်။

Photo Credit- Htoo Khant's Facebook
Photo Credit- Htoo Khant's Facebook

ရွှေထူးကတော့ ဒီကနေ့မှာ ကျရောက်လာခဲ့တဲ့ တစ်ဦးတည်းသော ချစ်ညီမလေးရဲ့ မွေးနေ့လေးမှာ ညီမလေးအနားမှာ အတူရှိနေပေးပြီး ဘုရားသွားကျောင်းတက် ကုသိုလ်လေးတွေလည်း ပြုလုပ်ကာ ချစ်ညီမလေးအတွက် Birthday Wish လေးနဲ့အတူ ဆုတောင်းစကားလေးတွေလည်း ပြောပေးထားပါတယ်။ "Happy Birthday ချစ်ရသော ငါ့ညီမလေး.." ဆိုပြီးတော့ ချစ်ညီမလေးနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ငယ်ငယ်က အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ကြည်ကြည်နူးနူးလေး ဆုတောင်းပေးထားတာမို့ ပရိသတ်တွေကလည်း ဆုတောင်းပေးထားကြပါတယ်နော်..။

Photo Credit- Htoo Khant's Facebook 

Photo Credit- Htoo Khant's Facebook
Photo Credit- Htoo Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။