ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီသက်မွန်မြင့်ဟာဆိုရင် အနုပညာနယ်ပယ်မှာ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေပြီး ပရိသတ်အများအပြားကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သက်မွန်ကတော့ အနုပညာလောကထဲကို ဟိုးအရင်ကတည်းက ဝင်ရောက်လာခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေအများအပြားကို ရိုက်ကူးခဲ့ပါတယ်။

သက်မွန်မြင့်က ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ပြီးချိန်မှာတော့ သားနဲ့သမီးရယ် ချစ်ခင်ပွန်းရယ်အတွက်သာ အချိန်လုံလောက်စွာပေးနေတာဖြစ်လို့ အနုပညာအလုပ်တွေကို နိုင်သလောက်လေးလုပ်ဆောင်နေတာဖြစ်ပါတယ်။လက်တလောမှာတော့ သက်မွန်က "Love Equation"ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်နော်။

အခုဆိုရင်လည်း သက်မွန်က Realme 5 & 5 Pro မိတ်ဆက်ပွဲကိုတက်ရောက်လာတာဖြစ်ပါတယ်။အဝါရောင်ကိုနှစ်သက်တဲ့ ချစ်သက်ကတော့ အဝါရောင်လေးကိုဆင်မြန်းပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ အလှတွေပိုနေကာ ကြည်လင်အေးချမ်းတဲ့မျက်နှာလေးက မြင်တဲ့သူတိုင်းကိုရင်အေးသွားစေတာဖြစ်လို့ သက်မွန်ရဲ့အေးမြတဲ့အလှတရားပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။