သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်က သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကလေးနှစ်ယောက်မိခင်ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်က အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ ခင်ဇာခြည်ကျော်က သားနဲ့သမီးကိုလည်း အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာရပ်တည်နိုင်ဖို့ ခွန်အားတွေပေးနေတာ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးနှစ်ယောက်လုံးက တက်သစ်စအနုပညာရှင်လေးတွေအဖြစ် စတင်အောင်မြင်နေပြီ ဖြစ်ပါတယ်။

Photo Credit-Khinzar Chikyaw Zar's FB
Photo Credit-Khinzar Chikyaw Zar's FB
Photo Credit-Khinzar Chikyaw Zar's FB

ခင်ဇာခြည်ကျော်က ပွဲအခမ်းအနားတွေတက်ရောက်ရာမှာလည်း သားနဲ့သမီးကိုအပါခေါ်ပြီး မိသားစုသုံးယောက် အတူတူပွဲတက်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ခင်ဇာခြည်ကျော်က " MFDEA FASHION FIESTA Myanmar Fashion Desinger Entrepreneur Association Presented by : စိန်နန်းတော် " ပွဲလေးကို သားအမိသုံးယောက်အတူတူ ပွဲတက်လာခဲ့ပါတယ်။ ဒီပွဲလေးမှာ ခင်ဇာခြည်ကျော်တို့မိသားစုက သဇင်ထူးမြင့်နဲ့ အတူဆုံတွေ့ခဲ့ပြီး အမှတ်တရပုံရိပ်တွေ ရိုက်ကူးခဲ့ပါသေးတယ်။

Photo Credit-Khinzar Chikyaw Zar's FB
Photo Credit-Rose Khin MeeMee Win's FB
Photo Credit-Khinzar Chikyaw Zar's FB
Photo Credit-Rose Khin MeeMee Win's FB

ခင်ဇာခြည်ကျော်ရဲ့သားကြီး ဘုန်းမင်းနေလနဲ့ ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်တို့နှစ်ယောက်ကတော့ အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ်ပါဝင်ရင်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပွဲလေးမှာလည်း သူတို့အနုပညာမောင်နှမနှစ်ယောက်က အရမ်းကိုလိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်တို့သားအမိသုံးယောက်နဲ့ သဇင်ထူးမြင့်ရဲ့ပွဲတက်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khinzar Chikyaw Zar's FB & Rose Khin MeeMee Win's FB

Photo Credit-Rose Khin MeeMee Win's FB
Photo Credit-Khinzar Chikyaw Zar's FB
Photo Credit-Khinzar Chikyaw Zar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။