ပရိသတ်ကြီးရေ.....ဒီတစ်ပါတ်မှာတော့ မီးခိုမြူ ထူခဲ့သော တစ်နည်းအားဖြင့် "air pollution"ဖြစ်ခဲ့သော မြို့တွေထဲကမှ မွန်ဂိုလီယား၏ မြို့တော် "Ulaanbaatar" (အာလ်န်ဘာတာ) အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာပါ...။ ကျောက်မီးသွေး မီးခိုးလျှော့ချရေး အသင်းမှု ဒေါက်တာ အိပ်ချ်အေ ဒက်စ် ဗွန်အက်စ်ဆိုသူက မီးခိုမြူ "Smog" ဆိုတဲ့ ဝေါဟာရသစ်ကို လန်ဒန်မြို့အား ရည်ညွှန်းပြီး စတင်သုံးစွဲခဲ့တာဖြစ်ပါတယ်...။ လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝန်းမှ လူသားများ၏ ကျန်းမာရေးကို အဓိကခြိမ်းခြောက်လာသည့် ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်...။ မြို့ပြနေလူသားများသည် လေထုညစ်ညမ်းမှုဒဏ်ကြောင့် နှစ်စဉ် လူဦးရေ ၁ ဒသမ ၃သန်းခန့် သေဆုံးကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ထုတ်ပြန်ကြေညာခဲ့ပါတယ်...။

Photo credit pngtree

ကမ္ဘာ့မြို့ကြီးများတွင် နေထိုင်ကြသူ များ နေ့စဉ် ရှူရှိုက် နေကြရသည့် လေထုထဲတွင် ဆာလဖိတ်၊ နိုက်တြိတ်၊ အမိုးနီးယား၊ ဆိုဒီယံ ကလိုရိုဒ်၊ ကာဗွန် နှင့် သတ္ထု အမှုန် များပါဝင်နေပါတယ်...။ ထိုအမှုန် များ ( PM 10 ) ကို တိုင်းတာသည့် စစ်တမ်းများအရ ကမ္ဘာပေါ်တွင် မီးခိုးမြူများ အထူထပ်ဆုံးဒေသများသည် အရှေ့ အလယ် ပိုင်းနှင့် အာရှ ဒေသများ ဖြစ်သည်ဟု ဆိုပါတယ်...။ ထိုလေထုညစ်ညမ်းမှု အများဆုံးသော ဒေသများထဲတွင် အာလ်န်ဘာတာ မြို့ကလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်...။ ပင်လယ်ရေ မျက်နှာပြင် အထက် ပေ( ၄၃၀၀) တွင်ရှိသော အာလ်န်ဘာတာ သည် မွန်ဂိုလီယား၏ မြို့တော်ဖြစ်ပြီး သက္ကရာဇ် ၁၆၃၉ ခုနှစ်တွင် ရှေးဟောင်း ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည့် နေရာ ဖြစ်ပါတယ်...။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ရထားလမ်းနှင့် တရုတ် နိုင်ငံ ရထားလမ်းတို့ ဆုံရာ နေရာလည်းဖြစ်ပါတယ်...။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က အာလ်န် ဘာတာ မြို့အား ကမ္ဘာ့ ဒုတိယ မီးခိုးမြူထူ ဒေသ ဟု သတ်မှတ်ခဲ့သည်။

Photo credit pngtree

ကျောက်မီးသွေးလောင်စာသုံး ဓာတ်အား ပေးစက်ရုံများနှင့် မြို့ပြ ရပ်ကွက်များအတွင်း နေထိုင်ကြသူများ ၏ မီးသွေးဖြင့် ချက်ပြုတ်၊သုံးစွဲကြမှု များကြောင့် အာလ်န် ဘာတာ သည် ( PM 10 ) အဆင့် (၂၇၉) ရှိနေပါတယ်...။ ကြေးနီနှင့် ကျောက်မီးသွေး လုပ်ငန်းများ ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသော မွန်ဂိုလီးယားတွင် နည်းပညာ အသစ် များ အသုံးပြုကာ သစ်လွင် သန့်ရှင်းသော ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို တည်ဆောက် နေရပါတယ်..။ သို့သော်လည်း အစိုးရ တာဝန်ရှိသူများက လေစွမ်းအင်ကို ပိုမို စိတ်ဝင်စားလျက်ရှိနေပြီး လေရဟတ် တာဘိုင်များ ကိုလည်း အာလ်န် ဘာတာ တွင် ဆောက်လုပ်နေတာဖြစ်ပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။