မင်းသမီးချောလေး ရွှေမှုံရတီဟာဆိုရင်ဖြင့် အသက်ငယ်ငယ်လေးနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှမ်းလျှမ်းတောက်အောင်မြင်နေသူလေးဆိုတာ အားလုံးက သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ သူမရဲ့သရုပ်ဆောင်အရည်အချင်းတွေကလည်း တကယ့်ကိုထူးချွန်ပြောင်မြောက်လွန်းလို့ အကယ်ဒမီဆုအတွက် မကြာခဏ ထင်ကြေးပေးခံနေရသူလည်း ဖြစ်ပါတယ်။ ရွှေမှုံရတီက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

Photo Credit- Shwe Hmone Yati's FB
Photo Credit- Shwe Hmone Yati's FB
Photo Credit- Htoo Khant's FB

ဒီနေ့မှာတော့ ရွှေမှုံရတီက သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့တွေ့ဆုံဖို့ Fan Meeting ပွဲလေးတစ်ခုကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ ရွှေမှုံရတီရဲ့ပုံနဲ့လုပ်ထားတဲ့ ကိတ်မုန့်လေးတွေအပြင် အခြားမုန့်သေးသေးလေးတွေလည်း ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ငွေမှုံရတီက ချစ်စရာကောင်းလွန်းတဲ့ ရွှေမှုံရတီရဲ့ပုံနဲ့ မုန့်လေးတွေကိုစားပြီး အစ်မဖြစ်သူကို စနောက်ကျီစယ်ထားတာလည်း တွေ့ရပါတယ်။

Photo Credit- Shwe Hmone Yati's FB
Photo Credit- Shwe Hmone Yati's FB
Photo Credit-Ngwe Hmone Yati's FB

ငွေမှုံရတီက အစ်မဖြစ်သူရွှေမှုံရတီပုံလေးပါတဲ့ မုန့်လေးကိုကိုင်ပြီး " Shwe Mhone Yati က စားကောင်းတယ် " ဆိုပြီး စနောက်ထားတာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ ပျော်ပျော်ပါးပါး တွေ့ဆုံရင်း မုန့်စားနေတဲ့ ဗီဒီယိုလေးကိုလည်း သူမရဲ့ My Story မှာ မျှဝေထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက်ရွှေမှုံရတီရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကိုအောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Shwe Hmone Yati's FB & Htoo Khant's FB

Video Credit- Shwe Hmone Yati's FB

Photo Credit- Htoo Khant's FB
Photo Credit- Shwe Hmone Yati's FB
Photo Credit- Shwe Hmone Yati's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။